26. နေဗုဇရဒန်သည်ထိုသူတို့ကိုဗာဗုလုန် ဘုရင်ရှိရာရိဗလမြို့သို့ခေါ်ဆောင်သွားရာ၊-
27. မင်းကြီးသည်ဟာမတ်နယ်မြေရိဗလမြို့ ၌ သူတို့အားရိုက်နှက်၍ကွပ်မျက်စေတော် မူ၏။ဤသို့လျှင်ယုဒပြည်သားတို့သည်သုံ့ပန်း များအဖြစ်နှင့် မိမိတို့ပြည်မှသိမ်းသွား ခြင်းကိုခံရကြလေသည်။-
28. နေဗုခဒ်နေဇာဖမ်းသွားသည့်သုံ့ပန်းစာရင်း မှာ သူ၏နန်းစံသတ္တမနှစ်၌သုံးထောင်နှစ် ဆယ့်သုံးယောက်၊-
29. နန်းစံရှစ်နှစ်မြောက်၌ယေရုရှလင်မြို့မှ ရှစ်ရာသုံးဆယ့်နှစ်ယောက်၊-
30. နန်းစံနှစ်ဆယ့်သုံးနှစ်မြောက်၌နေဗုဇာရဒန် ခေါ်ဆောင်သွားသူခုနစ်ရာလေးဆယ့်ငါးယောက်၊ စုစုပေါင်းလေးထောင့်ခြောက်ရာဖြစ်သတည်း။
31. ဗာဗုလုန်ဘုရင်ဧဝိလမရောဒက်သည် မိမိ နန်းတက်တော်မူသောနှစ်၌ယုဒဘုရင် ယေခေါနိအား အကျဉ်းထောင်မှလွတ်၍ ကရုဏာပြတော်မူ၏။ ဤသို့ဖြစ်ပျက်သည် မှာယေခေါနိအကျဉ်းကျပြီးနောက် သုံး ဆယ့်ခုနစ်နှစ်မြောက်ဒွါဒသမလ၊ နှစ် ဆယ့်ငါးရက်နေ့ဖြစ်သတည်း။-
32. ဧဝိလမရောဒက်သည်ယေခေါနိအား ကြင်နာစွာဆက်ဆံ၍ ဗာဗုလုန်ပြည်တွင် သူနှင့်အတူပြည်နှင်ဒဏ်သင့်သူအခြား ဘုရင်များထက်ပိုမိုချီးမြှင့်မြှောက်စား တော်မူ၏။-