ယေ​ရ​မိ 52:23-34 Common Language Bible (BCL)

23. တိုင်​တစ်​တိုင်​ရှိ​ကွန်​ရွက်​များ​တွင်​သ​လဲ​သီး အ​လုံး​တစ်​ရာ​ရှိ​၍​ကိုး​ဆယ့်​ခြောက်​လုံး ကို​မြေ​ပြင်​မှ​တွေ့​မြင်​နိုင်​လေ​သည်။

24. ထို​မှ​တစ်​ပါး​လည်း​မင်း​ကြီး​၏​အ​စောင့်​တပ် မ​တော်​မှူး​နေ​ဗု​ဇာ​ရ​ဒန်​သည် ယဇ်​ပု​ရော​ဟိတ် မင်း​စ​ရာ​ယ၊ သူ​၏​လက်​ထောက်​ဇေ​ဖ​နိ​နှင့် အ​ခြား​အ​ရေး​ကြီး​သည့် ဗိ​မာန်​တော်​အ​ရာ ရှိ​သုံး​ဦး​တို့​ကို​ခေါ်​ဆောင်​၍​သွား​၏။-

25. သူ​သည်​ယု​ဒ​တပ်​မှူး​ဟောင်း​တစ်​ဦး၊ မြို့​တွင်း ၌​ကျန်​ရှိ​နေ​သေး​သော​ဘု​ရင်​အ​တိုင်​ပင်​ခံ အ​မတ်​ခု​နစ်​ဦး၊ တပ်​မ​တော်​မှတ်​တမ်း​ထိန်း သည့်​လက်​ထောက်​တပ်​မှူး​နှင့်​အ​ခြား​အ​ရေး ပါ​အ​ရာ​ရောက်​သူ​လူ​ခြောက်​ဆယ်​တို့​ကို လည်း​ယေ​ရု​ရှ​လင်​မြို့​မှ​ခေါ်​ဆောင်​သွား လေ​သည်။-

26. နေ​ဗု​ဇ​ရ​ဒန်​သည်​ထို​သူ​တို့​ကို​ဗာ​ဗု​လုန် ဘုရင်​ရှိ​ရာ​ရိ​ဗ​လ​မြို့​သို့​ခေါ်​ဆောင်​သွား​ရာ၊-

27. မင်း​ကြီး​သည်​ဟာ​မတ်​နယ်​မြေ​ရိ​ဗ​လ​မြို့ ၌ သူ​တို့​အား​ရိုက်​နှက်​၍​ကွပ်​မျက်​စေ​တော် မူ​၏။ဤ​သို့​လျှင်​ယု​ဒ​ပြည်​သား​တို့​သည်​သုံ့​ပန်း များ​အ​ဖြစ်​နှင့် မိ​မိ​တို့​ပြည်​မှ​သိမ်း​သွား ခြင်း​ကို​ခံ​ရ​ကြ​လေ​သည်။-

28. နေ​ဗု​ခဒ်​နေ​ဇာ​ဖမ်း​သွား​သည့်​သုံ့​ပန်း​စာ​ရင်း မှာ သူ​၏​နန်း​စံ​သတ္တ​မ​နှစ်​၌​သုံး​ထောင်​နှစ် ဆယ့်​သုံး​ယောက်၊-

29. နန်း​စံ​ရှစ်​နှစ်​မြောက်​၌​ယေ​ရု​ရှ​လင်​မြို့​မှ ရှစ်​ရာ​သုံး​ဆယ့်​နှစ်​ယောက်၊-

30. နန်း​စံ​နှစ်​ဆယ့်​သုံး​နှစ်​မြောက်​၌​နေ​ဗု​ဇာ​ရ​ဒန် ခေါ်​ဆောင်​သွား​သူ​ခု​နစ်​ရာ​လေး​ဆယ့်​ငါး​ယောက်၊ စု​စု​ပေါင်း​လေး​ထောင့်​ခြောက်​ရာ​ဖြစ်​သ​တည်း။

31. ဗာ​ဗု​လုန်​ဘု​ရင်​ဧဝိ​လ​မ​ရော​ဒက်​သည် မိ​မိ နန်း​တက်​တော်​မူ​သော​နှစ်​၌​ယု​ဒ​ဘု​ရင် ယေ​ခေါ​နိ​အား အ​ကျဉ်း​ထောင်​မှ​လွတ်​၍ က​ရု​ဏာ​ပြ​တော်​မူ​၏။ ဤ​သို့​ဖြစ်​ပျက်​သည် မှာ​ယေ​ခေါ​နိ​အ​ကျဉ်း​ကျ​ပြီး​နောက် သုံး ဆယ့်​ခု​နစ်​နှစ်​မြောက်​ဒွါ​ဒ​သ​မ​လ၊ နှစ် ဆယ့်​ငါး​ရက်​နေ့​ဖြစ်​သ​တည်း။-

32. ဧ​ဝိ​လ​မ​ရော​ဒက်​သည်​ယေ​ခေါ​နိ​အား ကြင်​နာ​စွာ​ဆက်​ဆံ​၍ ဗာ​ဗု​လုန်​ပြည်​တွင် သူ​နှင့်​အ​တူ​ပြည်​နှင်​ဒဏ်​သင့်​သူ​အ​ခြား ဘု​ရင်​များ​ထက်​ပို​မို​ချီး​မြှင့်​မြှောက်​စား တော်​မူ​၏။-

33. သို့​ဖြစ်​၍​ယေ​ခေါ​နိ​သည်​ထောင်​အ​ဝတ်​များ ကို​လဲ​ခွင့်​ရ​လျက် အ​သက်​ရှင်​သ​မျှ​ကာ​လ ပတ်​လုံး​မင်း​ကြီး​နှင့်​အ​တူ​ပွဲ​တော်​တည် ခွင့်​ကို​ရ​ရှိ​၏။-

34. ထို့​ပြင်​မိ​မိ​လို​အပ်​သ​လို​သုံး​စွဲ​နိုင်​ရန်​သူ အ​သက်​ရှင်​သ​မျှ​ကာ​လ​ပတ်​လုံး နေ့​စဉ်​မှန် မှန်​အ​သုံး​စ​ရိတ်​ကို​လည်း​ရ​ရှိ​လေ​သည်။ ပ​ရော​ဖက်​ယေ​ရ​မိ​စီ​ရင်​ရေး​ထား​သော အ​နာ​ဂတ္တိ​ကျမ်း​ပြီး​၏။

ယေ​ရ​မိ 52