ယေ​ရ​မိ 52:19-28 Common Language Bible (BCL)

19. မီး​ကျီး​ခဲ​များ​သယ်​ယူ​ရာ​တွင်​အ​သုံး​ပြု သည့်​ခွက်​ငယ်​များ​နှင့်​အိုး​ကင်း​များ၊ ယဇ် ကောင်​သွေး​ခံ​ခွက်​ဖ​လား​များ၊ ပြာ​ခွက်​များ၊ မီး​တင်​ခုံ​များ၊ နံ့​သာ​ပေါင်း​ကို​မီး​ရှို့​ရာ ခွက်​ဖ​လား​များ၊ စ​ပျစ်​ရည်​ပူ​ဇော်​သကာ သွန်း​လောင်း​ရာ​တွင်​အ​သုံး​ပြု​သည့်​ခွက် ဖ​လား​အ​စ​ရှိ​သည့်​ရွှေ​သို့​မ​ဟုတ်​ငွေ​ဖြင့် ပြီး​သည့်​ပစ္စည်း​မှန်​သ​မျှ​ကို​လည်း ယူ​ဆောင် သွား​လေ​သည်။-

20. ဗိ​မာန်​တော်​အ​တွက်​ရှော​လ​မုန်​မင်း​ပြု လုပ်​ခဲ့​သော​ကြေး​ဝါ​ပစ္စည်း​များ​ဖြစ်​သည့် တိုင်​ကြီး​နှစ်​လုံး၊ အောက်​ခံ​ခုံ​များ၊ ရေ​ကန် ကြီး​နှင့်​အောက်​ခံ​နွား​ရုပ်​တစ်​ဆယ့်​နှစ်​ခု တို့​သည်​ချိန်​တွယ်​၍​မ​ရ​အောင်​ပင်​လေး​လံ ပေ​သည်။-

21-22. တိုင်​ကြီး​နှစ်​လုံး​သည်​ဆင်​တူ​ဖြစ်​၍​အ​မြင့် နှစ်​ဆယ့်​ခု​နစ်​ပေ၊ လုံး​ပတ်​တစ်​ဆယ့်​ရှစ်​ပေ ရှိ​၏။ ထို​တိုင်​တို့​သည်​ခေါင်း​ပွ​ဖြစ်​၍​ဒု​သုံး လက်​မ​ရှိ​လေ​သည်။ ကြေး​ဝါ​တိုင်​ထိပ်​ပိုင်း များ​သည်​အ​မြင့်​ပေ​ခု​နစ်​ပေ​ခွဲ​စီ​ရှိ​၍ ယင်း တို့​၏​ပတ်​လည်​တွင်​သ​လဲ​သီး​များ​နှင့်​တန် ဆာ​ဆင်​ထား​သော​ကွန်​ရွက်​များ​ရှိ​၏။ ယင်း တို့​အား​လုံး​ကို​ကြေး​ဝါ​များ​နှင့်​ပြု​လုပ် ထား​၏။-

23. တိုင်​တစ်​တိုင်​ရှိ​ကွန်​ရွက်​များ​တွင်​သ​လဲ​သီး အ​လုံး​တစ်​ရာ​ရှိ​၍​ကိုး​ဆယ့်​ခြောက်​လုံး ကို​မြေ​ပြင်​မှ​တွေ့​မြင်​နိုင်​လေ​သည်။

24. ထို​မှ​တစ်​ပါး​လည်း​မင်း​ကြီး​၏​အ​စောင့်​တပ် မ​တော်​မှူး​နေ​ဗု​ဇာ​ရ​ဒန်​သည် ယဇ်​ပု​ရော​ဟိတ် မင်း​စ​ရာ​ယ၊ သူ​၏​လက်​ထောက်​ဇေ​ဖ​နိ​နှင့် အ​ခြား​အ​ရေး​ကြီး​သည့် ဗိ​မာန်​တော်​အ​ရာ ရှိ​သုံး​ဦး​တို့​ကို​ခေါ်​ဆောင်​၍​သွား​၏။-

25. သူ​သည်​ယု​ဒ​တပ်​မှူး​ဟောင်း​တစ်​ဦး၊ မြို့​တွင်း ၌​ကျန်​ရှိ​နေ​သေး​သော​ဘု​ရင်​အ​တိုင်​ပင်​ခံ အ​မတ်​ခု​နစ်​ဦး၊ တပ်​မ​တော်​မှတ်​တမ်း​ထိန်း သည့်​လက်​ထောက်​တပ်​မှူး​နှင့်​အ​ခြား​အ​ရေး ပါ​အ​ရာ​ရောက်​သူ​လူ​ခြောက်​ဆယ်​တို့​ကို လည်း​ယေ​ရု​ရှ​လင်​မြို့​မှ​ခေါ်​ဆောင်​သွား လေ​သည်။-

26. နေ​ဗု​ဇ​ရ​ဒန်​သည်​ထို​သူ​တို့​ကို​ဗာ​ဗု​လုန် ဘုရင်​ရှိ​ရာ​ရိ​ဗ​လ​မြို့​သို့​ခေါ်​ဆောင်​သွား​ရာ၊-

27. မင်း​ကြီး​သည်​ဟာ​မတ်​နယ်​မြေ​ရိ​ဗ​လ​မြို့ ၌ သူ​တို့​အား​ရိုက်​နှက်​၍​ကွပ်​မျက်​စေ​တော် မူ​၏။ဤ​သို့​လျှင်​ယု​ဒ​ပြည်​သား​တို့​သည်​သုံ့​ပန်း များ​အ​ဖြစ်​နှင့် မိ​မိ​တို့​ပြည်​မှ​သိမ်း​သွား ခြင်း​ကို​ခံ​ရ​ကြ​လေ​သည်။-

28. နေ​ဗု​ခဒ်​နေ​ဇာ​ဖမ်း​သွား​သည့်​သုံ့​ပန်း​စာ​ရင်း မှာ သူ​၏​နန်း​စံ​သတ္တ​မ​နှစ်​၌​သုံး​ထောင်​နှစ် ဆယ့်​သုံး​ယောက်၊-

ယေ​ရ​မိ 52