1. ဇေဒကိသည်နန်းတက်စဉ်အခါကအသက် နှစ်ဆယ့်တစ်နှစ်ရှိ၍ ယေရုရှလင်မြို့တွင်တစ် ဆယ့်တစ်နှစ်မျှနန်းစံရလေသည်။ သူ့မယ် တော်မှာလိဗနမြို့သားယေရမိ၏သမီး ဟာမုတလဖြစ်၏။-
2. ဇေဒကိမင်းသည်ယောယကိမ်မင်းကဲ့သို့ ပင်ထာဝရဘုရား၏ရှေ့တော်၌မကောင်း မှုများကိုပြု၏။-
3. ယေရုရှလင်မြို့နှင့်ယုဒပြည်၏အခြေ အနေသည်အလွန်ဆိုးရွား၍လာသဖြင့် ထာဝရဘုရားသည်အမျက်ထွက်ပြီး လျှင်ပြည်သားတို့အားပြည်နှင်ဒဏ်သင့် စေတော်မူ၏။ဇေဒကိသည်ဗာဗုလုန်ဘုရင်ကိုပုန်ကန် သဖြင့်၊-
4. ယုဒဘုရင်ဇေဒကိနန်းစံနဝမနှစ်၊ ဒသမလ၊ ဆယ်ရက်နေ့၌ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာသည် မိမိ၏စစ်သည်တပ် သားအပေါင်းတို့နှင့်အတူယေရုရှလင် မြို့ကိုတိုက်ခိုက်ရန်ချီတက်လာ၏။ သူတို့ သည်မြို့ပြင်တွင်တပ်စခန်းချ၍မြို့ပတ် လည်တွင်မြေကတုတ်များကိုဖို့လုပ်ကြ၏။-
5. ထိုမြို့သည်ဇေဒကိနန်းစံဆယ့်တစ်နှစ် မြောက်တိုင်အောင်အဝိုင်းခံရလေသည်။-
6. ထိုနှစ်စတုတ္ထလ၊ ကိုးရက်နေ့၌အစာငတ် မွတ်ခေါင်းပါးမှုသည်အလွန်ဆိုးရွား၍ လာသဖြင့် လူတို့တွင်အစာရေစာ အလျှင်းမရှိကြတော့ပေ။-
7. ထိုအခါမြို့ရိုးများသည်ကျိုးပေါက်၍သွား တော့၏။ မြို့ကိုဗာဗုလုန်အမျိုးသားတို့ဝိုင်းရံ လျက်ထားသော်လည်း စစ်သည်တပ်သားအပေါင်း သည်ညဥ့်အခါတွင်ထွက်ပြေးရန်ကြိုးစားကြ ၏။ သူတို့သည်ဘုရင့်ဥယျာဉ်တော်အတိုင်း သွားပြီးလျှင် မြို့ရိုးနှစ်ထပ်အကြားရှိတံခါး ပေါက်မှထွက်၍ယော်ဒန်ချိုင့်ဝှမ်းဘက်သို့ပြေး ကြ၏။-
8. သို့ရာတွင်ဗာဗုလုန်တပ်မတော်သားတို့ သည်ဇေဒကိမင်းကိုလိုက်လံဖမ်းဆီးကြ ရာ ယေရိခေါမြို့အနီးရှိလွင်ပြင်တွင်မိ လေသည်။ ဇေဒကိ၏စစ်သူရဲအပေါင်းတို့ သည်သူ့အားစွန့်ပစ်၍ထွက်ပြေးကြ၏။-
21-22. တိုင်ကြီးနှစ်လုံးသည်ဆင်တူဖြစ်၍အမြင့် နှစ်ဆယ့်ခုနစ်ပေ၊ လုံးပတ်တစ်ဆယ့်ရှစ်ပေ ရှိ၏။ ထိုတိုင်တို့သည်ခေါင်းပွဖြစ်၍ဒုသုံး လက်မရှိလေသည်။ ကြေးဝါတိုင်ထိပ်ပိုင်း များသည်အမြင့်ပေခုနစ်ပေခွဲစီရှိ၍ ယင်း တို့၏ပတ်လည်တွင်သလဲသီးများနှင့်တန် ဆာဆင်ထားသောကွန်ရွက်များရှိ၏။ ယင်း တို့အားလုံးကိုကြေးဝါများနှင့်ပြုလုပ် ထား၏။-