34. ဗာဗုလုန်ဘုရင်သည်ယေရုရှလင်မြို့ကို ခုတ်ထစ်ကိုက်စားခဲ့၏။သူသည်ထိုမြို့ကိုအိုးသဖွယ်သွန်မှောက်ကာ မြွေနဂါးကဲ့သို့မျိုချခဲ့၏။သူသည်မိမိအလိုရှိရာကိုသိမ်းယူပြီး လျှင် ကျန်ပစ္စည်းများကိုမူပစ်ထုတ်လိုက်လေသည်။
35. ``ငါတို့ခံရသည့်အကြမ်းဖက်မှုများ အတွက် ဗာဗုလုန်မြို့တွင်တာဝန်ရှိစေသတည်း'' ဟုဇိအုန်မြို့သားတို့ ပြောဆိုကြစေ၏။``ငါတို့ခံစားရသည့်ဘေးဒုက္ခများအတွက် ဗာဗုလုန်မြို့တွင်တာဝန်ရှိစေသတည်း''ဟုယေရုရှလင်မြို့သားတို့ပြောဆိုကြစေ။
36. သို့ဖြစ်၍ထာဝရဘုရားသည်ယေရုရှလင် မြို့သူမြို့သားတို့အား``ငါသည်သင်တို့၏ အကျိုးကိုပြုစု၍သင်တို့အတွက်လက်စား ချေမည်။ ဗာဗုလုန်ပြည်၏စမ်းရေတွင်းများ နှင့်မြစ်များကိုခန်းခြောက်စေမည်။-
37. ထိုအခါဗာဗုလုန်မြို့သည်တောတိရစ္ဆာန်ခို အောင်းရာ အဆောက်အအုံပျက်များဖြစ်၍နေ လိမ့်မည်။ ယင်းသည်တုန်လှုပ်ချောက်ချားဖွယ် ကောင်းသောမြင်ကွင်းဖြစ်၍ လူသူဆိတ်ငြိမ် ရာဖြစ်လိမ့်မည်။-
38. ဗာဗုလုန်အမျိုးသားတို့သည်ခြင်္သေ့များ ကဲ့သို့ဟောက်ကြ၏။ ခြင်္သေ့ငယ်များကဲ့သို့ ဟိန်းကြ၏။-