ယေ​ရ​မိ 51:24-28 Common Language Bible (BCL)

24. ထာ​ဝ​ရ​ဘု​ရား​က``ဇိ​အုန်​မြို့​အား​ဗာ​ဗု​လုန် မြို့​သူ​မြို့​သား​တို့​ပြု​ကျင့်​ခဲ့​သည့်​ဒု​စ​ရိုက် မ​ကောင်း​မှု​များ​အ​တွက် ငါ​လက်​စား​ချေ သည်​ကို​သင်​တို့​တွေ့​မြင်​ရ​ကြ​လိမ့်​မည်။-

25. အို ဗာ​ဗု​လုန်​မြို့၊ သင်​သည်​ကမ္ဘာ​မြေ​ပြင်​တစ်​ခု လုံး​ကို​ဖျက်​ဆီး​တတ်​သည့်​တောင်​နှင့်​တူ​၏။ သို့​ရာ​တွင်​ငါ​ထာ​ဝ​ရ​ဘု​ရား​ကား​သင်​၏ ရန်​သူ​ဖြစ်​ပေ​သည်။ ငါ​သည်​သင့်​ကို​ဆွဲ​ကိုင် ကာ​မြေ​ပြင်​နှင့်​တစ်​ညီ​တည်း​ဖြစ်​စေ​မည်။ သင့်​အား​ပြာ​ပုံ​ဆိုက်​စေ​မည်။-

26. သင်​ယို​ယွင်း​ပျက်​စီး​ရာ​မှ​ကျန်​ရစ်​သော​ကျောက် တုံး​များ​ကို အ​ဆောက်​အ​အုံ​တည်​ဆောက်​ရာ​တွင် နောင်​အ​ဘယ်​အ​ခါ​၌​မျှ​အ​သုံး​ပြု​ကြ​တော့ မည်​မ​ဟုတ်။ သင်​သည်​ထာ​ဝ​စဉ်​လူ​သူ​ကင်း​မဲ့ ရာ​ဖြစ်​၍​နေ​လိမ့်​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ ဘု​ရား​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏။

27. ``တိုက်​ခိုက်​ရန်​အ​ချက်​ပေး​ကြ​လော့။ လူ​မျိုး တကာ​တို့​ကြား​ကြ​စေ​ရန်​တံ​ပိုး​ခ​ရာ​မှုတ် ကြ​လော့။ ဗာ​ဗု​လုန်​မြို့​ကို​စစ်​ချီ​ရန်​လူ​မျိုး တ​ကာ​တို့​အား​အ​သင့်​ပြင်​ဆင်​စေ​ကြ​လော့။ အာ​ရ​ရတ်​ပြည်၊ မိန္နိ​ပြည်​နှင့်​အာ​ရှ​ကေ​နတ် ပြည်​တို့​အား​တိုက်​ခိုက်​ရန်​ပြော​ကြား​ကြ​လော့။ ဦး​ဆောင်​တိုက်​ခိုက်​နိုင်​ရန်​စစ်​သေ​နာ​ပ​တိ​ကို ခန့်​ထား​ကြ​လော့။ ကျိုင်း​ကောင်​အုပ်​ကဲ့​သို့​မြင်း တို့​ကို​ချီ​တက်​စေ​ကြ​လော့။-

28. မေ​ဒိ​ဘု​ရင်​များ၊ ခေါင်း​ဆောင်​များ​နှင့်​အ​ရာ​ရှိ များ​အား​လည်း​ကောင်း၊ သူ​တို့​၏​လက်​အောက်​ခံ နိုင်​ငံ​အ​ပေါင်း​အား​လည်း​ကောင်း​ဗာ​ဗု​လုန်​မြို့ ကို​တိုက်​ခိုက်​ရန်​အ​သင့်​ပြင်​စေ​ကြ​လော့။-

ယေ​ရ​မိ 51