17. ဤသို့ပြုတော်မူသဖြင့်လူအပေါင်းတို့သည် ဉာဏ်ပညာ၊ အသိဉာဏ်ကင်းမဲ့သူများဖြစ်ရကြကုန်၏။ရုပ်တုကိုသွန်းသူမှန်သမျှသည်မိမိတို့သွန်းလုပ်သည့်ရုပ်တုများမှာဘုရား အစစ်အမှန်မဟုတ်သဖြင့်စိတ်ပျက်ကြ ကုန်၏။ထိုရုပ်တုများတွင်အသက်မရှိ။
18. ယင်းတို့သည်အချည်းနှီးသက်သက်ဖြစ်၍ စက်ဆုတ်ရွံရှာဖွယ်သာလျှင်ဖြစ်ပေသည်။ကိုယ်တော်သည်အပြစ်ဒဏ်စီရင်ရန် ကြွလာတော်မူသောအခါ၊ထိုရုပ်တုတို့ကိုသုတ်သင်ဖျက်ဆီးပစ်တော် မူလိမ့်မည်။
19. ယာကုပ်၏ဘုရားသခင်ကားရုပ်တုများ ကဲ့သို့မဟုတ်။ကိုယ်တော်သည်အရာခပ်သိမ်းကို ဖန်ဆင်းတော်မူသောအရှင်ဖြစ်၍၊ဣသရေလအမျိုးသားတို့ကိုမိမိကိုယ်ပိုင် လူစုတော်အဖြစ်ရွေးချယ်ထားတော်မူလေပြီ။ကိုယ်တော်၏နာမတော်ကားအနန္တတန်ခိုးရှင် ထာဝရဘုရားဖြစ်၏။
20. ထာဝရဘုရားက``အို ဗာဗုလုန်မြို့၊သင်သည်ငါ၏သံတူ၊စစ်တိုက်ရာတွင် ငါအသုံးပြုသည့်လက်နက်ဖြစ်၏။ငါသည်သင့်ကိုအသုံးပြု၍လူမျိုးတကာကို ချေမှုန်းခဲ့၏။တိုင်းနိုင်ငံတို့ကိုပြိုကွဲစေခဲ့၏။
21. မြင်းနှင့်မြင်းစီးသူရဲများကိုလည်းကောင်း၊ရထားနှင့်ရထားထိန်းများကိုလည်းကောင်း ကစဥ့်ကလျားဖြစ်စေခဲ့၏။
22. အမျိုးသား၊အမျိုးသမီးများကိုလည်းကောင်း၊အသက်ကြီးသူ၊အသက်ငယ်သူများ ကိုလည်းကောင်း၊ယောကျာ်းကလေးများနှင့်မိန်းကလေးများ ကိုလည်းကောင်းကွပ်မျက်ခဲ့၏။