1. ထာဝရဘုရားက``ငါသည်ဗာဗုလုန်မြို့နှင့် မြို့သူမြို့သားတို့ကိုဖျက်ဆီးချေမှုန်းရန် လေပြင်းထစေမည်။-
2. ဖွဲများကိုလွင့်စဉ်အောင်တိုက်ခတ်သည့်လေ ကဲ့သို့ ဗာဗုလုန်မြို့ကိုဖျက်ဆီးရန်လူမျိုး ခြားတို့ကိုငါစေလွှတ်မည်။ ယင်းသို့ဆုံးပါး ဖျက်ဆီးရာနေ့ရက်ကာလကျရောက်လာ သောအခါ သူတို့သည်အဘက်ဘက်မှနေ၍ တိုက်ခိုက်ကာထိုမြို့ကိုအကုန်အစင်ပယ် ရှင်းလိမ့်မည်။-
3. ဗာဗုလုန်စစ်သည်တပ်သားများအားမိမိ တို့မြားများကိုပစ်လွှတ်ခွင့်ကိုသော်လည်း ကောင်း၊ သံချပ်အင်္ကျီများဝတ်ဆင်ခွင့်ကို သော်လည်းကောင်းမပေးကြနှင့်။ သူတို့၏ လူငယ်လူရွယ်တို့အားချမ်းသာမပေး ကြနှင့်။ တပ်မတော်တစ်ခုလုံးကိုချေမှုန်း ပစ်ကြလော့။-
4. သူတို့သည်ဒဏ်ရာရလျက်မိမိတို့၏ လမ်းများတွင် သေဆုံးကြလိမ့်မည်။-