1. ထာဝရဘုရားက``ငါသည်ဗာဗုလုန်မြို့နှင့် မြို့သူမြို့သားတို့ကိုဖျက်ဆီးချေမှုန်းရန် လေပြင်းထစေမည်။-
2. ဖွဲများကိုလွင့်စဉ်အောင်တိုက်ခတ်သည့်လေ ကဲ့သို့ ဗာဗုလုန်မြို့ကိုဖျက်ဆီးရန်လူမျိုး ခြားတို့ကိုငါစေလွှတ်မည်။ ယင်းသို့ဆုံးပါး ဖျက်ဆီးရာနေ့ရက်ကာလကျရောက်လာ သောအခါ သူတို့သည်အဘက်ဘက်မှနေ၍ တိုက်ခိုက်ကာထိုမြို့ကိုအကုန်အစင်ပယ် ရှင်းလိမ့်မည်။-