ယေ​ရ​မိ 50:4-6 Common Language Bible (BCL)

4. ထာ​ဝ​ရ​ဘု​ရား​က``ထို​အ​ချိန်​ကာ​လ​ကျ ရောက်​လာ​သော​အ​ခါ ဣ​သ​ရေ​လ​နှင့်​ယု​ဒ ပြည်​သား​တို့​သည်​ငို​ယို​ကာ မိ​မိ​တို့​ဘု​ရား​သ​ခင်​တည်း​ဟူ​သော​ငါ့​အား​လိုက်​လံ​ရှာ​ဖွေ ကြ​လိမ့်​မည်။-

5. သူ​တို့​သည်​ဇိ​အုန်​မြို့​သို့​သွား​ရာ​လမ်း​ကို မေး​မြန်း​စုံ​စမ်း​လျက် ထို​မြို့​သို့​ရှေ့​ရှု​၍ သွား​ကြ​လိမ့်​မည်။ သူ​တို့​သည်​ထာ​ဝ​ရ ဘု​ရား​နှင့်​ထာ​ဝ​စဉ်​ပ​ဋိ​ညာဉ်​ဖွဲ့​ပြီး​လျှင် ထို​ပ​ဋိ​ညာဉ်​ကို​အ​ဘယ်​အ​ခါ​၌​မျှ​ချိုး ဖောက်​ကြ​လိမ့်​မည်​မ​ဟုတ်။

6. ``ငါ​၏​လူ​စု​တော်​သည်​တောင်​များ​ပေါ်​တွင် သိုး​ထိန်း​တို့​က​လမ်း​လွဲ​စေ​သည့်​သိုး​များ နှင့်​တူ​ကြ​၏။ သူ​တို့​သည်​တစ်​တောင်​တက် တစ်​တောင်​ဆင်း​သွား​လာ​ကာ မိ​မိ​တို့​သိုး​ခြံ ကို​မေ့​လျော့​သွား​သည့်​သိုး​များ​ကဲ့​သို့ လှည့်​လည်​သွား​လာ​ခဲ့​ကြ​လေ​ပြီ။-

ယေ​ရ​မိ 50