39. ``သို့ဖြစ်၍ဗာဗုလုန်မြို့သည်နတ်ဆိုးများ၊ ဆိုးညစ်သောဝိညာဉ်များနှင့် ငှက်ဆိုးများ ခိုအောင်းရာဖြစ်လိမ့်မည်။ ထိုမြို့သည်နောင် ကာလအစဉ်အဆက်လူသူကင်းမဲ့ရာ အရပ်ဖြစ်လိမ့်မည်။-
40. သောဒုံမြို့၊ ဂေါမောရမြို့နှင့်နီးနားဝန်းကျင် ကျေးရွာများသည် ငါ၏ဖျက်ဆီးခြင်းကိုခံခဲ့ ရသည့်နည်းတူ ဗာဗုလုန်မြို့သည်လည်းခံရ လိမ့်မည်။ ကာလအနည်းငယ်မျှပင်လျှင်ထို မြို့တွင်နေထိုင်သူတစ်ဦးတစ်ယောက်မျှရှိ လိမ့်မည်မဟုတ်။ ဤကားငါထာဝရဘုရား မြွက်ဟသည့်စကားဖြစ်၏။
41. ``မြောက်ဘက်နိုင်ငံတစ်ခုမှလူတို့သည် ချီတက်၍လာလိမ့်မည်။ရပ်ဝေးမှတန်ခိုးကြီးမားသည့်နိုင်ငံဖြစ်သည်။ဘုရင်များသည်စစ်တိုက်ရန်ပြင်ဆင်လျက်ရှိ၏။
42. သူတို့သည်မိမိတို့လေးများနှင့်ဋ္ဌားများကို ကိုင်စွဲကြလေပြီ။သူတို့သည်ရက်စက်ကြမ်းကြုတ်၍ ကရုဏာကင်းမဲ့သူများဖြစ်ပေသည်။သူတို့၏မြင်းခွာသံများသည်ပင်လယ်ရေ မြည်ဟီးသံနှင့်တူ၏။သူတို့သည်ဗာဗုလုန်မြို့ကိုတိုက်ရန် အသင့်ရှိကြလေပြီ။
43. ဗာဗုလုန်ဘုရင်သည်ထိုသတင်းကိုကြား သောအခါ မိမိ၏လက်များကိုပင်မလှုပ်မရှားနိုင် တော့ချေ။သူသည်စိတ်ဒုက္ခရောက်လျက်သားဖွားသည့် အမျိုးသမီးကဲ့သို့ဝေဒနာခံရလေသည်။
44. ``ငါထာဝရဘုရားသည်ယော်ဒန်မြစ်တစ် လျှောက်ရှိထူထပ်သောတောအုပ်ထဲမှ စိမ်းလန်း သောမြက်ခင်းပြင်သို့ထွက်လာသည့်ခြင်္သေ့ကဲ့ သို့ထွက်လာပြီးလျှင် ဗာဗုလုန်မြို့သားတို့ အားမိမိတို့မြို့မှရုတ်တရက်ထွက်ပြေးစေ မည်။ ထိုနောက်ထိုမြို့ကိုအုပ်စိုးရန်ဘုရင် တစ်ပါးကိုငါရွေးချယ်ခန့်ထားမည်။ ငါနှင့် အဘယ်သူကိုနှိုင်းယှဉ်၍ရမည်နည်း။ အဘယ် သူသည်ငါနှင့်အံတုဖက်ပြိုင်ဝံ့မည်နည်း။ အဘယ်မည်သောမင်းသည်ငါ့အားအတိုက် အခံပြုနိုင်မည်နည်း။-
45. သို့ဖြစ်၍ဗာဗုလုန်မြို့အတွက်ငါပြုလုပ် ထားသည့်အကြံအစည်ကိုလည်ကောင်း၊ မြို့ သူမြို့သားများအတွက်ငါကြံစည်ထား သည့်အမှုအရာကိုလည်းကောင်းနားထောင် ကြလော့။ ရန်သူသည်သူတို့၏သားသမီး များကိုပင်လျှင်ဒယဥ့်တိုက်ဆွဲ၍ခေါ်ဆောင် သွားလိမ့်မည်။ တွေ့မြင်ရသူအပေါင်းတို့ သည်လန့်ဖျပ်တုန်လှုပ်ကြလိမ့်မည်။-