ယေ​ရ​မိ 50:20-22 Common Language Bible (BCL)

20. ထို​အ​ချိန်​ကာ​လ​ကျ​ရောက်​လာ​သော​အ​ခါ ငါ​သည်​မိ​မိ​အ​သက်​ရှင်​ခွင့်​ပေး​ထား​သူ​တို့ ၏​အ​ပြစ်​များ​ကို​ဖြေ​လွတ်​ဖြေ​ရှင်း​မည်​ဖြစ် ၍ ဣသ​ရေ​လ​ပြည်​တွင်​အ​ပြစ်​ဒု​စ​ရိုက်​တစ် စုံ​တစ်​ခု​မျှ​တွေ့​ရှိ​ရ​လိမ့်​မည်​မ​ဟုတ်။ ယု​ဒ ပြည်​တွင်​လည်း​ဆိုး​ညစ်​မှု​တစ်​စုံ​တစ်​ရာ​မျှ တွေ့​ရှိ​ရ​လိမ့်​မည်​မ​ဟုတ်။ ဤ​ကား​ငါ​ထာ​ဝ​ရ ဘု​ရား​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏'' ဟု​မိန့် တော်​မူ​၏။

21. ``ပုန်​ကန်​တတ်​သော​ပြည်​သား​နှင့် အ​ပြစ်​ဒဏ် သင့်​သည့်​ပြည်​သား​တို့​အား​တိုက်​ခိုက်​ကြ လော့။ သူ​တို့​အား​သတ်​ဖြတ်​သုတ်​သင်​ကြ လော့။ ငါ​မိန့်​မှာ​သ​မျှ​တို့​ကို​ပြု​ကြ​လော့။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘုရား​မြွက်​ဟ​သည့် စ​ကား​ဖြစ်​၏။-

22. ထို​ပြည်​တွင်​စစ်​တိုက်​သည့်​အ​သံ​ဗ​လံ​များ ကို​ကြား​ရ​၏။ ဆုံး​ပါး​ပျက်​စီး​မှု​ကား ကြီး​လှ​ပေ​၏။-

ယေ​ရ​မိ 50