ယေ​ရ​မိ 50:1-2 Common Language Bible (BCL)

1. ထာ​ဝ​ရ​ဘု​ရား​သည်​ဗာ​ဗု​လုန်​မြို့​နှင့် ထို ပြည်​သူ​ပြည်​သား​တို့​ကို​ရည်​မှတ်​၍​ငါ့ အား​ဗျာ​ဒိတ်​ပေး​တော်​မူ​၏။ ကိုယ်​တော်​က၊

2. ``ဗာ​ဗု​လုန်​မြို့​သည်​ကျဆုံး​လေ​ပြီ။ ထို​မြို့ ၏​မေ​ရော​ဒပ် ဘု​ရား​သည်​လည်း​ကျိုး​ပဲ့​ကြေ​မွ​၍​သွား​လေ​ပြီ။ဗာ​ဗု​လုန်​မြို့​ရှိ​စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​ကောင်း​သည့် ရုပ်​တု​များ​သည်အ​ရှက်​ကွဲ​လျက်​ချေ​မှုန်း​ခြင်း​ကို​ခံ​ရ​ကြ​ပါ​သည် တ​ကား။ဤ​သ​တင်း​ကို​ထို​လူ​မျိုး​တ​ကာ​တို့​အား ပြော​ကြား​ကြေ​ညာ​လော့။အ​ချက်​ပြ​အ​လံ​ဟူ​၍​ကြော်​ငြာ​လော့။ ထို​သ​တင်း​ကို​လျှို့​ဝှက်​၍​မ​ထား​နှင့်။

ယေ​ရ​မိ 50