ယေ​ရ​မိ 5:5-16 Common Language Bible (BCL)

5. ငါ​သည်​တန်​ခိုး​အာ​ဏာ​ရှိ​သူ​တို့​ထံ​သွား​၍​သူ​တို့​အား​ပြော​ဆို​မည်။သူ​တို့​သည်​အ​မှန်​ပင်​ထာ​ဝ​ရ​ဘု​ရား​၏​အ​လို​တော်​ကို​သိ​ရှိ​ကြ​ရာ​၏။ဘု​ရား​သ​ခင်​ပြ​ဋ္ဌာန်း​တော်​မူ​သည့်စည်း​မျဉ်း​ဥ​ပ​ဒေ​သ​တော်​တို့​ကို​သိ​ရှိ​ကြ​ရာ​၏'' ဟု​တွေး​တော​မိ​၏။သို့​ရာ​တွင်​သူ​တို့​အား​လုံး​ပင်​ထာ​ဝ​ရ​ဘု​ရား​၏​ထမ်း​ပိုး​ကို​ချိုး​လျက်နှောင်​ကြိုး​များ​ကို​လည်း​ဖြတ်​ကြ​လေ​ပြီ။

6. ဤ​အ​ကြောင်း​ကြောင့်​တော​မှ​ခြင်္သေ့​တို့​သည်​သူ​တို့​ကို​ကိုက်​သတ်​ကြ​လိမ့်​မည်။သဲ​ကန္တာ​ရ​မှ​ဝံ​ပု​လွေ​တို့​သည်​သူ​တို့​အား​အ​ပိုင်း​ပိုင်း​ကိုက်​ဖြတ်​ကြ​လိမ့်​မည်။ကျား​သစ်​တို့​သည်​လည်း​သူ​တို့​၏​မြို့​များ​အ​နီး​တွင်စောင့်​ကာ​မြို့​ပြင်​သို့​ထွက်​လာ​သူ​မှန်​သ​မျှ​ကို​အ​ပိုင်း​ပိုင်း​ကိုက်​ဖြတ်​ကြ​လိမ့်​မည်။အ​ဘယ်​ကြောင့်​ဆို​သော်​ထို​သူ​တို့​သည်​အ​ပြစ်​များ​သူ​များ​ဖြစ်​သည့်​ပြင်ဘု​ရား​သ​ခင်​ကို၊အ​ကြိမ်​ကြိမ်​အ​ဖန်​ဖန်​ကျော​ခိုင်း​ခဲ့​ကြ​သော​ကြောင့်​ဖြစ်​၏။

7. ``ငါ​သည်​မိ​မိ​လူ​မျိုး​တော်​၏​အ​ပြစ်​များ​ကို​အ​ဘယ်​ကြောင့်​ဖြေ​လွှတ်​ရ​မည်​နည်း။သူ​တို့​၏​သား​သ​မီး​များ​သည်​ငါ့​ကို​စွန့်​ပစ်​ကာဘု​ရား​အ​တု​အ​ယောင်​များ​ကို​တိုင်​တည်​လျက်​ကျိန်​ဆို​ကြ​လေ​ပြီ။ငါ​သည်​မိ​မိ​လူ​မျိုး​တော်​အား​ဝ​စွာ​ကျွေး​သော်​လည်းသူ​တို့​သည်​သူ​တစ်​ပါး​အိမ်​ရာ​ကို​ပြစ်​မှား​ကာ​ပြည့်​တန်​ဆာ​များ​နှင့်​မှား​ယွင်း​ကြ​၏။

8. သူ​တို့​သည်​အ​စာ​ဝ​၍​ရာ​ဂ​ထန်​သည့်မြင်း​ဆိုး​များ​ကဲ့​သို့​ဟီ​လျက်​အိမ်​နီး​ချင်း​တို့​၏​ဇ​နီး​များ​ကို​တပ်​မက်​ကြ​၏။

9. ဤ​အ​မှု​အ​ရာ​များ​အ​တွက်​ငါ​သည်​သူ​တို့​အား​အ​ပြစ်​ဒဏ်​မ​ခတ်​ဘဲ​နေ​သင့်​သ​လော။ဤ​သို့​သော​ပြည်​သူ​တို့​ကို​လက်​စား​မ​ချေ​ဘဲ​နေ​သင့်​သ​လော။''

10. ငါ​သည်​သူ​တို့​၏​စ​ပျစ်​ဥ​ယျာဉ်​များ​ကို​ရန်​သူ​တို့​အား​ခုတ်​ပစ်​စေ​မည်။သို့​ရာ​တွင်​စ​ပျစ်​ပင်​တို့​ကို​အ​ကုန်​အ​စင်​ဖျက်​ဆီး​ပစ်​စေ​လိမ့်​မည်​မ​ဟုတ်။စ​ပျစ်​ကိုင်း​များ​သည်​ငါ​မ​ပိုင်​မ​ဆိုင်​သ​ဖြင့်​ယင်း​တို့​ကို​ခုတ်​ထွင်​ပစ်​ရန်​ရန်​သူ​တို့​အား​ငါ​စေ​ခိုင်း​မည်။

11. ဣ​သ​ရေ​လ​နှင့်​ယု​ဒ​ပြည်​သား​တို့​သည်​ငါ့​အား​လုံး​ဝ​သစ္စာ​ဖောက်​ကြ​လေ​ပြီ။ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့်​စကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

12. ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး​တော်​သည် ကိုယ်​တော်​အ​ကြောင်း​ကို​မ​ဟုတ်​မ​မှန်​ပြော​ဆို​ကြ​လေ​ပြီ။ သူ​တို့​က``ကိုယ်​တော်​သည်​အ​ဘယ်​သို့​မျှ​အ​ရေး​ယူ​တော်​မူ​လိမ့်​မည်​မ​ဟုတ်။ ငါ​တို့​သည်​လည်း​ဆင်း​ရဲ​ဒုက္ခ​ခံ​ရ​ကြ​လိမ့်​မည်​မ​ဟုတ်။ စစ်​မက်​အန္တ​ရာယ်​ကို​သော်​လည်း​ကောင်း၊ ငတ်​မွတ်​ခြင်း​ဘေး​ကို​သော်​လည်း​ကောင်း​ကြုံ​တွေ့​ရ​လိမ့်​မည်​မ​ဟုတ်'' ဟု​ဆို​ကြ​၏။-

13. သူ​တို့​က``ပ​ရော​ဖက်​တို့​သည်​လေ​သက်​သက်​သာ​လျှင်​ဖြစ်​၍ သူ​တို့​မှာ​ဟော​ကြား​စ​ရာ​ထာ​ဝ​ရ​ဘု​ရား​၏​ဗျာ​ဒိတ်​တော်​တစ်​စုံ​တစ်​ရာ​မျှ​မ​ရှိ သူ​တို့​ဟော​သည့်​အ​တိုင်း​သူ​တို့​၌​ဖြစ်​ပါ​စေ'' ဟု​ဆို​ကြ​၏။-

14. အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က``အို ယေ​ရ​မိ၊ ထို​သူ​တို့​သည်​ဤ​သို့​ပြော​ဆို​သ​ဖြင့် ငါ့​စ​ကား​သည်​သင်​၏​နှုတ်​တွင်​မီး​သ​ဖွယ်​ဖြစ်​၍ သူ​တို့​သည်​လည်း​ထင်း​ကဲ့​သို့​ဖြစ်​ရ​လိမ့်​မည်။ မီး​သည်​သူ​တို့​ကို​ကျွမ်း​လောင်​၍​သွား​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။

15. ဣ​သ​ရေ​လ​ပြည်​သား​တို့၊ ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​သင်​တို့​အား​တိုက်​ခိုက်​စေ​ရန် ဝေး​လံ​ရပ်​ခြား​မှ​လူ​မျိုး​စု​တစ်​စု​ကို​ခေါ်​ဆောင်​ခဲ့​လိမ့်​မည်။ သူ​တို့​သည်​အင်​အား​ကြီး​၍​အ​လွန်​ရှေး​ကျ​သော​လူ​မျိုး၊ သင်​တို့​မ​သိ​နား​မ​လည်​သော​ဘာ​သာ​စ​ကား​ကို​ပြော​ဆို​သော​လူ​မျိုး​ဖြစ်​၏။-

16. သူ​တို့​၏​လေး​သ​မား​တို့​သည်​ခွန်​အား​ကြီး​၍ ပွင့်​နေ​သော​သင်္ချိုင်း​ကဲ့​သို့​မ​ညှာ​မ​တာ​သတ်​တတ်​ကြ​၏။-

ယေ​ရ​မိ 5