ယေ​ရ​မိ 5:10-22 Common Language Bible (BCL)

10. ငါ​သည်​သူ​တို့​၏​စ​ပျစ်​ဥ​ယျာဉ်​များ​ကို​ရန်​သူ​တို့​အား​ခုတ်​ပစ်​စေ​မည်။သို့​ရာ​တွင်​စ​ပျစ်​ပင်​တို့​ကို​အ​ကုန်​အ​စင်​ဖျက်​ဆီး​ပစ်​စေ​လိမ့်​မည်​မ​ဟုတ်။စ​ပျစ်​ကိုင်း​များ​သည်​ငါ​မ​ပိုင်​မ​ဆိုင်​သ​ဖြင့်​ယင်း​တို့​ကို​ခုတ်​ထွင်​ပစ်​ရန်​ရန်​သူ​တို့​အား​ငါ​စေ​ခိုင်း​မည်။

11. ဣ​သ​ရေ​လ​နှင့်​ယု​ဒ​ပြည်​သား​တို့​သည်​ငါ့​အား​လုံး​ဝ​သစ္စာ​ဖောက်​ကြ​လေ​ပြီ။ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့်​စကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

12. ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး​တော်​သည် ကိုယ်​တော်​အ​ကြောင်း​ကို​မ​ဟုတ်​မ​မှန်​ပြော​ဆို​ကြ​လေ​ပြီ။ သူ​တို့​က``ကိုယ်​တော်​သည်​အ​ဘယ်​သို့​မျှ​အ​ရေး​ယူ​တော်​မူ​လိမ့်​မည်​မ​ဟုတ်။ ငါ​တို့​သည်​လည်း​ဆင်း​ရဲ​ဒုက္ခ​ခံ​ရ​ကြ​လိမ့်​မည်​မ​ဟုတ်။ စစ်​မက်​အန္တ​ရာယ်​ကို​သော်​လည်း​ကောင်း၊ ငတ်​မွတ်​ခြင်း​ဘေး​ကို​သော်​လည်း​ကောင်း​ကြုံ​တွေ့​ရ​လိမ့်​မည်​မ​ဟုတ်'' ဟု​ဆို​ကြ​၏။-

13. သူ​တို့​က``ပ​ရော​ဖက်​တို့​သည်​လေ​သက်​သက်​သာ​လျှင်​ဖြစ်​၍ သူ​တို့​မှာ​ဟော​ကြား​စ​ရာ​ထာ​ဝ​ရ​ဘု​ရား​၏​ဗျာ​ဒိတ်​တော်​တစ်​စုံ​တစ်​ရာ​မျှ​မ​ရှိ သူ​တို့​ဟော​သည့်​အ​တိုင်း​သူ​တို့​၌​ဖြစ်​ပါ​စေ'' ဟု​ဆို​ကြ​၏။-

14. အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က``အို ယေ​ရ​မိ၊ ထို​သူ​တို့​သည်​ဤ​သို့​ပြော​ဆို​သ​ဖြင့် ငါ့​စ​ကား​သည်​သင်​၏​နှုတ်​တွင်​မီး​သ​ဖွယ်​ဖြစ်​၍ သူ​တို့​သည်​လည်း​ထင်း​ကဲ့​သို့​ဖြစ်​ရ​လိမ့်​မည်။ မီး​သည်​သူ​တို့​ကို​ကျွမ်း​လောင်​၍​သွား​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။

15. ဣ​သ​ရေ​လ​ပြည်​သား​တို့၊ ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​သင်​တို့​အား​တိုက်​ခိုက်​စေ​ရန် ဝေး​လံ​ရပ်​ခြား​မှ​လူ​မျိုး​စု​တစ်​စု​ကို​ခေါ်​ဆောင်​ခဲ့​လိမ့်​မည်။ သူ​တို့​သည်​အင်​အား​ကြီး​၍​အ​လွန်​ရှေး​ကျ​သော​လူ​မျိုး၊ သင်​တို့​မ​သိ​နား​မ​လည်​သော​ဘာ​သာ​စ​ကား​ကို​ပြော​ဆို​သော​လူ​မျိုး​ဖြစ်​၏။-

16. သူ​တို့​၏​လေး​သ​မား​တို့​သည်​ခွန်​အား​ကြီး​၍ ပွင့်​နေ​သော​သင်္ချိုင်း​ကဲ့​သို့​မ​ညှာ​မ​တာ​သတ်​တတ်​ကြ​၏။-

17. သူ​တို့​သည်​သင်​တို့​၏​အ​သီး​အ​နှံ​များ​နှင့်​အ​စာ​ရေ​စာ​များ​ကို​စား​သောက်​ကာ သင်​တို့​သား​သ​မီး​များ​ကို​သတ်​ကြ​လိမ့်​မည်။ သူ​တို့​သည်​သင်​တို့​သိုး​အုပ်၊ နွား​အုပ်​များ​ကို​စား​ကြ​လိမ့်​မည်။ သင်​တို့​စ​ပျစ်​ပင်​နှင့်​သင်္ဘော​သ​ဖန်း​ပင်​တို့​ကို​လည်း​စား​ကြ​လိမ့်​မည်။ သူ​တို့​၏​တပ်​မ​တော်​သည်​သင်​တို့​အား​ကိုး​အား​ထား​ပြု​သည့်​ခံ​တပ်​မြို့​များ​ကို​ဖြို​ဖျက်​ပစ်​ကြ​လိမ့်​မည်။''

18. ထာ​ဝ​ရ​ဘု​ရား​က``ထို​နေ့​ရက်​ကာ​လ​များ​၌​ပင်​လျှင်​ငါ​၏​လူ​မျိုး​တော်​အား လုံး​ဝ​သုတ်​သင်​ဖျက်​ဆီး​လိမ့်​မည်​မ​ဟုတ်။-

19. ယေ​ရ​မိ၊ ထို​သူ​တို့​သည်​သင့်​အား`အ​ဘယ်​ကြောင့်​ထာ​ဝ​ရ​ဘု​ရား​သည်​ဤ​အ​မှု​တို့​ကို​ပြု​တော်​မူ​ပါ​သ​နည်း' ဟု​မေး​ကြ​လိမ့်​မည်။ ထို​အ​ခါ​သူ​တို့​အား`သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား​စွန့်​ပစ်​ကာ မိ​မိ​တို့​ပြည်​၌​ပင်​လူ​မျိုး​ခြား​ဘု​ရား​များ​၏​အ​စေ​ကို​ခံ​ခဲ့​ကြ​၏။ သို့​ဖြစ်​၍​တိုင်း​တစ်​ပါး​တွင်​လူ​မျိုး​ခြား​တို့​၏​အ​စေ​ကို​သင်​တို့​ခံ​ရ​ကြ​လိမ့်​မည်' ဟု​ပြန်​လည်​ဖြေ​ကြား​လော့'' ဟု​မိန့်​တော်​မူ​၏။

20. ထာ​ဝ​ရ​ဘု​ရား​က``ယာ​ကုပ်​၏​သား​မြေး ယု​ဒ​ပြည်​သူ​တို့​အား​ပြော​ကြား​လော့။-

21. မျက်​စိ​ရှိ​လျက်​နှင့်​မ​မြင်​နိုင်၊ နား​ရှိ​လျက်​နှင့်​မ​ကြား​နိုင်​သူ၊ အ​ချင်း​မိုက်​မဲ​ထုံ​ထိုင်း​သော​လူ​တို့၊ နား​ထောင်​ကြ​လော့။-

22. ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၏။ သင်​တို့​သည်​အ​ဘယ်​ကြောင့်​ငါ့​ကို​မ​ကြောက်​ကြ​သ​နည်း။ ငါ​၏​ရှေ့​တော်​၌​အ​ဘယ်​ကြောင့်​မ​တုန်​မ​လှုပ်​ကြ​သ​နည်း။ ငါ​သည်​ပင်​လယ်​အ​တွက်​နယ်​နိ​မိတ်၊ ပင်​လယ်​ရေ​မ​ကျော်​မ​ဖြတ်​နိုင်​သည့်​အ​မြဲ​တမ်း​နယ်​နိ​မိတ်​ကို​သဲ​များ​ဖြင့်​သတ်​မှတ်​ထား​၏။ ပင်​လယ်​သည်​လှိုင်း​တံ​ပိုး​ထ​နိုင်​သော်​လည်း ထို​နယ်​နိ​မိတ်​ကို​မ​ဖြတ်​မ​ကျော်​နိုင်။ လှိုင်း​တံ​ပိုး​တို့​သည်​ထ​၍​မြည်​ဟည်း​သော်​လည်း ထို​နယ်​စပ်​ကို​မ​ကျော်​မ​လွန်​နိုင်။-

ယေ​ရ​မိ 5