ယေ​ရ​မိ 49:24-28 Common Language Bible (BCL)

24. ဒ​မာ​သက်​မြို့​သား​တို့​သည်​စိတ်​အား​ငယ် လျက်​ထိတ်​လန့်​တုန်​လှုပ်​ကာ​ထွက်​ပြေး​ကြ ကုန်​၏။ သူ​တို့​သည်​သား​ဖွား​သည့်​အ​မျိုး သ​မီး​ကဲ့​သို့ ကိုယ်​စိတ်​ဝေ​ဒ​နာ​ပြင်း​စွာ ခံ​စား​ရ​ကြ​ပေ​သည်။-

25. အ​ခါ​တစ်​ပါး​က​ပျော်​မွေ့​ဖွယ်​ရာ​ကောင်း​၍ ထင်​ပေါ်​ကျော်​ကြား​ခဲ့​သော ထို​မြို့​တော်​သည် လုံး​လုံး​လျား​လျား​လူ​သူ​ကင်း​မဲ့​လျက်​ရှိ တော့​၏။-

26. သို့​ဖြစ်​၍​ထို​နေ့​ရက်​ကာ​လ​ကျ​ရောက်​သော အ​ခါ လူ​ငယ်​လူ​ရွယ်​များ​နှင့်​စစ်​သူ​ရဲ​အ ပေါင်း​တို့​သည်​မြို့​လမ်း​များ​အ​ပေါ်​တွင် အ​သတ်​ခံ​ရ​ကြ​လိမ့်​မည်။-

27. ငါ​သည်​ဒ​မာ​သက်​မြို့​ရိုး​များ​နှင့်​ဗင်္ဟာ​ဒဒ် မင်း​၏​နန်း​တော်​အ​ဆောက်​အ​အုံ​များ​ကို မီး​သင့်​လောင်​စေ​မည်'' ဤ​ကား​ငါ​ထာ​ဝ​ရ ဘု​ရား​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏။

28. ထာ​ဝ​ရ​ဘု​ရား​သည်​ဗာ​ဗု​လုန်​ဘု​ရင်​နေ ဗု​ခဒ်​နေ​ဇာ​မင်း​နှိမ်​နင်း​အောင်​မြင်​သည့် ကေ​ဒါ အ​နွယ်​ဝင်​နှင့်​ဟာ​ဇော်​မြို့​ကို​အ​စိုး​ရ​သူ​တို့ အား​ရည်​မှတ်​၍``ကေ​ဒါ​အ​နွယ်​ဝင်​တို့​အား သွား​ရောက်​တိုက်​ခိုက်​ကြ​လော့။ ထို​အ​ရှေ့​နွယ် သား​တို့​အား​ဖျက်​ဆီး​ချေ​မှုန်း​ကြ​လော့။-

ယေ​ရ​မိ 49