6. လျင်မြန်စွာပြေးသူတို့သည်မလွတ်နိုင်။စစ်သူရဲတို့သည်မလွတ်မြောက်နိုင်။သူတို့သည်မြောက်ဘက်ဒေသ၊ဥဖရတ် မြစ် အနီးတွင်ခြေချော်၍လဲကြကုန်၏။
7. ရေလျှံသောမြစ်ကဲ့သို့လည်းကောင်း၊ နိုင်းမြစ်ရေကဲ့သို့လည်းကောင်း၊ချီတက်လာသူကားအဘယ်သူနည်း။
8. ရေလျှံသောမြစ်ကဲ့သို့လည်းကောင်း၊ နိုင်းမြစ်ရေကဲ့သို့လည်းကောင်းချီတက်လာသူမှာအီဂျစ်နိုင်ငံဖြစ်ပေ သည်။အီဂျစ်နိုင်ငံက`ငါသည်ချီတက်၍ကမ္ဘာကို လွှမ်းမိုးမည်။မြို့များနှင့်မြို့သူမြို့သားတို့အားဖျက်ဆီးမည်။
9. မြင်းများတို့တက်ကြလော့။ ရထားများတို့၊အပြင်းနှင်ကြလော့။ဒိုင်းလွှားကိုင်ဆောင်သူဆူဒန်ပြည်သားနှင့်လစ်ဗျားပြည်သားတို့လုဒပြည်သားလေး သည်တော် အစရှိသည့်စစ်သည်တော်တို့ထွက်သွားကြလော့' ဟုဆို၏'' ဟူ၍ ထာဝရဘုရားမိန့်တော်မူ၏။