ယေ​ရ​မိ 46:27-28 Common Language Bible (BCL)

27. ``ငါ​၏​လူ​မျိုး​တော်​တို့၊မ​ကြောက်​ကြ​နှင့်။ ဣ​သ​ရေ​လ ပြည်​သား​တို့၊ထိတ်​လန့်​တုန်​လှုပ်​မှု​မ​ဖြစ် ကြ​နှင့်။သုံ့​ပန်း​များ​အ​ဖြစ်​နှင့်​သင်​တို့​သေ​ရ​ကြ သော​ပြည်၊ထို​ဝေး​လံ​သော​ပြည်​မှ​သင်​တို့​အား​ငါ​ကယ် ဆယ်​မည်။သင်​တို့​သည်​ပြန်​လာ​၍​ငြိမ်း​ချမ်း​စွာ​နေ​ထိုင် ရ​ကြ​လိမ့်​မည်။ ဘေး​မဲ့​လုံ​ခြုံ​မှု​ရှိ​လိမ့်​မည်။အ​ဘယ်​သူ​မျှ​သင်​တို့​အား​ကြောက်​လန့် စေ​လိမ့်​မည်​မ​ဟုတ်။

28. ငါ​သည်​သင်​တို့​ထံ​သို့​ကြွ​လာ​၍ သင်​တို့​အား​ကယ်​တင်​မည်။သင်​တို့​အား​ငါ​ကွဲ​လွင့်​စေ​ခဲ့​ရာ နိုင်​ငံ​တ​ကာ​တို့​ကို​ငါ​ဖျက်​ဆီး​မည်။သို့​ရာ​တွင်​သင်​တို့​ကို​မူ​ဖျက်​ဆီး​မည် မ​ဟုတ်။ငါ​သည်​သင်​တို့​အား​အ​ပြစ်​ဒဏ်​မ​ခတ်​ဘဲ ထား​မည်​မ​ဟုတ်​သော်​လည်း၊အ​ပြစ်​ဒဏ်​ခတ်​သော​အ​ခါ​၌​မူ​ကား​မျှ​တ​စွာ ဒဏ်​ခတ်​မည်။ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​ပြော​ကြား​သည့် စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

ယေ​ရ​မိ 46