17. ``အီဂျစ်ဘုရင်ဖာရောအား`အခွင့်ကောင်းကိုလက်လွတ်သူ၊လေအိုးကြီး' ဟူသောနာမည်သစ်ကိုပေးကြလော့။
18. အနန္တတန်ခိုးရှင်ငါထာဝရဘုရားသည် ဘုရင်ဖြစ်တော်မူ၏။ငါသည်အသက်ရှင်တော်မူသော ဘုရားသခင်ပေတည်း။တာဗော်တောင်ထိပ်သည်တောင်တကာတို့ ထက် မြင့်သကဲ့သို့လည်းကောင်း၊ကရမေလတောင်ထိပ်သည်လည်း၊ပင်လယ် အနီးတွင် မြင့်မားစွာတည်ရှိသကဲ့သို့လည်းကောင်း၊သင်တို့တိုက်ခိုက်မည့်သူသည်ခွန်အား ကြီးမား ပေလိမ့်မည်။
19. အချင်းအီဂျစ်ပြည်သားတို့၊သုံ့ပန်းအဖြစ်ခေါ်ဆောင်ခြင်းကိုခံရန် အသင့် ပြင်ဆင်ထားကြလော့။နောဖမြို့သည်လူသူဆိတ်ငြိမ်ရာ သဲကန္တာရဖြစ်လိမ့်မည်။