ယေ​ရ​မိ 46:1-3 Common Language Bible (BCL)

1. ထာ​ဝ​ရ​ဘု​ရား​သည်​နိုင်​ငံ​တ​ကာ​ကို ရည်​မှတ်​၍ ငါ့​အား​ဗျာ​ဒိတ်​ပေး​တော်​မူ​၏။-

2. အီ​ဂျစ်​ပြည်​အ​ကြောင်း​နှင့်​ပတ်​သက်​၍ ကိုယ် တော်​မိန့်​တော်​မူ​သည်​မှာ​အောက်​ပါ​အ​တိုင်း ဖြစ်​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​ယော​ရှိ​၏​သား ယု​ဒ​ဘု​ရင်​ယော​ယ​ကိမ်​နန်း​စံ​စ​တုတ္ထ​နှစ် ၌ ဥ​ဖ​ရတ်​မြစ်​အ​နီး​ကာ​ခေ​မိတ်​အ​ရပ်​တွင် ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​နှိမ်​နင်း​လိုက် သည့်​အီ​ဂျစ်​ဘု​ရင်​ဖာ​ရော​နေ​ခေါ်​၏​တပ်​မ တော်​ကို​ရည်​မှတ်​၍​ဗျာ​ဒိတ်​ပေး​တော်​မူ ၏။

3. ``အီ​ဂျစ်​တပ်​မှူး​တို့​က`သင်​တို့​၏​ဒိုင်း​လွှား များ​ကို အ​သင့်​ပြင်​ဆင်​ကာ​တိုက်​ပွဲ​သို့​ဝင်​ကြ​လော့''

ယေ​ရ​မိ 46