15. ထိုအခါမိမိတို့ဇနီးများသည်အခြား ဘုရားတို့အားယဇ်ပူဇော်ကြောင်းကိုသိရှိ ကြသူများ၊ ထိုနေရာတွင်ရပ်လျက်နေသူ အမျိုးသမီးများနှင့်အီဂျစ်ပြည်တောင် ပိုင်းတွင်နေထိုင်သူယုဒအမျိုးသားများ အပါအဝင်လူအုပ်ကြီးသည်ငါ့အား၊-
16. ``ထာဝရဘုရား၏နာမတော်ကိုအမှီပြု ၍သင်ဟောပြောသည့်စကားများကိုငါတို့ နားမထောင်လိုပါ။-
17. ငါတို့သည်မိမိတို့ယခင်ကပြောကြားခဲ့ သည့်အမှုတို့ကိုသာပြုကြပါမည်။ ယုဒ မြို့များနှင့်ယေရုရှလင်လမ်းများတွင်ငါ တို့နှင့်ငါတို့ဘိုးဘေးများ၊ ငါတို့ဘုရင် နှင့်ခေါင်းဆောင်များပြုလေ့ရှိသည့်အတိုင်း ကောင်းကင်ဘုရင်မဟုအမည်တွင်သော နတ်သမီးကိုယဇ်ပူဇော်၍ သူ၏အဖို့ စပျစ်ရည်ပူဇော်သကာများကိုသွန်းလောင်း ပါမည်။ ထိုစဉ်အခါကငါတို့သည်ဝစွာ စားရကြ၏။ ချမ်းသာကြွယ်ဝလျက်ဘေး ဒုက္ခနှင့်ကင်းဝေးခဲ့ကြ၏။-
18. သို့ရာတွင်ကောင်းကင်ဘုရင်မကိုယဇ်ပူဇော် မှု၊ သူ့အဖို့စပျစ်ရည်ပူဇော်သကာသွန်း လောင်းမှုတို့ကိုမပြုကြတော့သည့်အချိန် မှအစပြု၍ ငါတို့သည်များစွာချို့တဲ့ လျက်ငါတို့အမျိုးသားများသည်စစ်ဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးသင့်၍သေရ ကြပါ၏'' ဟုပြောကြားကြလေသည်။
19. ထိုနောက်အမျိုးသမီးများက``ငါတို့သည် ကောင်းကင်ဘုရင်မ၏ရုပ်ပုံတူမုန့်များကို ဖုတ်လုပ်၍ ထိုနတ်သမီးအားယဇ်ပူဇော်ကာ သူ၏အဖို့စပျစ်ရည်ပူဇော်သကာများ ကိုသွန်းလောင်းကြသောအခါ ငါတို့၏ခင် ပွန်းများကလည်းငါတို့ပြုသည့်အမှုကို လက်ခံအတည်ပြုခဲ့ကြပါသည်'' ဟုထပ် လောင်းပြောဆိုကြ၏။