12. ယုဒပြည်တွင်ကျန်ရှိကာအီဂျစ်ပြည်သို့ သွားရောက်နေထိုင်ရန် သန္နိဋ္ဌာန်ချမှတ်ထားသူ တို့မူကားတစ်ယောက်မကျန်ဆုံးပါးပျက်စီး စေမည်။ ကြီးငယ်မဟူထိုသူအပေါင်းတို့ သည်စစ်ဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး သင့်၍အီဂျစ်ပြည်တွင်သေရကြလိမ့်မည်။ သူတို့သည်လူတို့ရှေ့၌စက်ဆုပ်ရွံရှာဖွယ် ဖြစ်လိမ့်မည်။ လူတို့သည်သူတို့အားပြက် ရယ်ပြုလျက်သူတို့၏အမည်နာမကို ကျိန်စာအဖြစ်အသုံးပြုကြလိမ့်မည်။-
13. ငါသည်ယေရုရှလင်မြို့အားအပြစ်ဒဏ် ခတ်သကဲ့သို့အီဂျစ်ပြည်တွင်နေထိုင်သူ တို့ကိုလည်းစစ်ဘေး၊ ငတ်မွတ်ခေါင်းပါး ခြင်းဘေး၊ အနာရောဂါဘေးတို့ဖြင့် အပြစ်ဒဏ်ခတ်မည်။-
14. အီဂျစ်ပြည်တွင်နေထိုင်ရန်ယုဒပြည်မှ ထွက်ခွာလာကြသူတို့အနက် အဘယ်သူ ကိုမျှထိုဘေးများမှလွတ်မြောက်ရလိမ့် မည်မဟုတ်။ အသက်မသေဘဲကျန်ရှိလိမ့် မည်မဟုတ်။ မိမိတို့တစ်ဖန်ပြန်လည်နေ ထိုင်ရန်မျှော်လင့်တောင့်တကြသည့်ယုဒ ပြည်သို့ ထိုသူတစ်စုံတစ်ယောက်မျှပြန်ရ လိမ့်မည်မဟုတ်။ ဒုက္ခသည်အချို့မှတစ်ပါး အဘယ်သူမျှပြန်ရကြလိမ့်မည်မဟုတ်'' ဟုမိန့်တော်မူ၏။
15. ထိုအခါမိမိတို့ဇနီးများသည်အခြား ဘုရားတို့အားယဇ်ပူဇော်ကြောင်းကိုသိရှိ ကြသူများ၊ ထိုနေရာတွင်ရပ်လျက်နေသူ အမျိုးသမီးများနှင့်အီဂျစ်ပြည်တောင် ပိုင်းတွင်နေထိုင်သူယုဒအမျိုးသားများ အပါအဝင်လူအုပ်ကြီးသည်ငါ့အား၊-
16. ``ထာဝရဘုရား၏နာမတော်ကိုအမှီပြု ၍သင်ဟောပြောသည့်စကားများကိုငါတို့ နားမထောင်လိုပါ။-
17. ငါတို့သည်မိမိတို့ယခင်ကပြောကြားခဲ့ သည့်အမှုတို့ကိုသာပြုကြပါမည်။ ယုဒ မြို့များနှင့်ယေရုရှလင်လမ်းများတွင်ငါ တို့နှင့်ငါတို့ဘိုးဘေးများ၊ ငါတို့ဘုရင် နှင့်ခေါင်းဆောင်များပြုလေ့ရှိသည့်အတိုင်း ကောင်းကင်ဘုရင်မဟုအမည်တွင်သော နတ်သမီးကိုယဇ်ပူဇော်၍ သူ၏အဖို့ စပျစ်ရည်ပူဇော်သကာများကိုသွန်းလောင်း ပါမည်။ ထိုစဉ်အခါကငါတို့သည်ဝစွာ စားရကြ၏။ ချမ်းသာကြွယ်ဝလျက်ဘေး ဒုက္ခနှင့်ကင်းဝေးခဲ့ကြ၏။-
18. သို့ရာတွင်ကောင်းကင်ဘုရင်မကိုယဇ်ပူဇော် မှု၊ သူ့အဖို့စပျစ်ရည်ပူဇော်သကာသွန်း လောင်းမှုတို့ကိုမပြုကြတော့သည့်အချိန် မှအစပြု၍ ငါတို့သည်များစွာချို့တဲ့ လျက်ငါတို့အမျိုးသားများသည်စစ်ဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးသင့်၍သေရ ကြပါ၏'' ဟုပြောကြားကြလေသည်။
19. ထိုနောက်အမျိုးသမီးများက``ငါတို့သည် ကောင်းကင်ဘုရင်မ၏ရုပ်ပုံတူမုန့်များကို ဖုတ်လုပ်၍ ထိုနတ်သမီးအားယဇ်ပူဇော်ကာ သူ၏အဖို့စပျစ်ရည်ပူဇော်သကာများ ကိုသွန်းလောင်းကြသောအခါ ငါတို့၏ခင် ပွန်းများကလည်းငါတို့ပြုသည့်အမှုကို လက်ခံအတည်ပြုခဲ့ကြပါသည်'' ဟုထပ် လောင်းပြောဆိုကြ၏။
20. ထိုအခါငါသည်မိမိအားဤသို့ပြော ကြားကြသူ အမျိုးသားအမျိုးသမီး များနှင့်လူအပေါင်းတို့အား၊-
21. ``ယုဒမြို့များနှင့်ယေရုရှလင်မြို့လမ်း များတွင် သင်တို့နှင့်သင်တို့ဘိုးဘေးများ၊ သင် တို့ဘုရင်များနှင့်ခေါင်းဆောင်များ၊ ပြည်သူ များပူဇော်ခဲ့ကြသည့်ယဇ်များနှင့်ပတ် သက်၍ထာဝရဘုရားသိတော်မမူဟူ၍ သော်လည်းကောင်း၊ မေ့လျော့တော်မူလေပြီ ဟူ၍သော်လည်းကောင်းသင်တို့ထင်မှတ် ကြပါသလော။-
22. ယခုအခါ၌ပင်လျှင်သင်တို့၏ပြည်သည် ယိုယွင်းပျက်စီးကာလူသူဆိတ်ညံလျက် ရှိ၏။ ထာဝရဘုရားသည်သင်တို့၏ယုတ် မာဆိုးညစ်သည့်အကျင့်များကိုသည်းခံ တော်မမူနိုင်သဖြင့် ထိုပြည်သည်လူတို့ ရှေ့၌စက်ဆုပ်ရွံရှာဖွယ်ဖြစ်၍နေလေပြီ။ လူတို့သည်လည်းထိုပြည်၏အမည်နာမ ကိုကျိန်စာအဖြစ်အသုံးပြုကြလေပြီ။-