7. သူတို့သည်ထာဝရဘုရား၏အမိန့်တော် ကိုလွန်ဆန်ကာ တာပနက်မြို့တိုင်အောင် အီဂျစ်ပြည်ထဲသို့ဝင်ရောက်ကြလေသည်။
8. တာပနက်မြို့၌ထာဝရဘုရားသည်ငါ့အား၊-
9. ``ကျောက်တုံးကြီးအချို့ကိုယူ၍ ဤမြို့ရှိ အစိုးရအိမ်တော်အဝင်ဝနေရာတွင်မြှုပ် ထားလော့။ ဤသို့သင်ပြုသည်ကိုလည်းအချို့ သောယုဒအမျိုးသားတို့မြင်ပါစေ။-
10. ထိုနောက်သူတို့အား`ဣသရေလအမျိုးသားတို့ ၏ဘုရားသခင်အနန္တတန်ခိုးရှင် ငါထာဝရ ဘုရားသည်မိမိ၏အစေခံဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာကိုဤအရပ်သို့ခေါ်ဆောင် လာမည်။ ငါမြှုပ်ထားသည့်ဤကျောက်တုံး များအပေါ်တွင်သူ၏ရာဇပလ္လင်ကိုတည် ၍သူ၏တဲတော်ကိုငါဖြန့်မည်။-
11. နေဗုခဒ်နေဇာသည်လာ၍အီဂျစ်ပြည်ကို နှိမ်နင်းအောင်မြင်လိမ့်မည်။ သူသည်အနာ ရောဂါဘေးဖြင့်သေရကြမည့်သူတို့အား အနာရောဂါဘေးဖြင့်သေစေလိမ့်မည်။ သုံ့ ပန်းများအဖြစ်နှင့်ခေါ်ဆောင်ခြင်းခံရကြ မည့်သူတို့အားသုံ့ပန်းများအဖြစ်ခေါ်ဆောင် သွားလိမ့်မည်။ စစ်ပွဲတွင်ကျဆုံးရကြမည့် သူတို့အားစစ်ပွဲတွင်ကျဆုံးစေလိမ့်မည်။-