1. ငါသည်လူတို့ကိုပြောကြားရန်သူတို့၏ ဘုရားသခင်ထာဝရဘုရား စေလွှတ်မှာ ကြားတော်မူသမျှသောစကားတို့ကို ဆင့်ဆိုပြီးသောအခါ၊-
2. ဟောရှဲ၏သားအာဇရိ၊ ကာရာ၏သား ယောဟနန်နှင့်အခြားမောက်မာထောင်လွှား သူလူအပေါင်းတို့သည် ငါ့အား``သင်သည်မု သားစကားကိုပြော၏။ ငါတို့ဘုရားသခင် သည်ငါတို့အားအီဂျစ်ပြည်သို့သွားရောက် နေထိုင်မှုမပြုရဟုပြောကြားရန် သင့်ကို စေလွှတ်တော်မူခဲ့သည်မဟုတ်။-
3. နေရိ၏သားဗာရုတ်သည်ငါတို့အားဗာဗု လုန်အမျိုးသားတို့သတ်ဖြတ်နိုင်ကြစေရန် သော်လည်းကောင်း၊ ဗာဗုလုန်မြို့သို့ခေါ်ဆောင် သွားနိုင်ကြစေရန်သော်လည်းကောင်း သူတို့ လက်သို့ငါတို့အားပေးအပ်ရန်သင့်ကို လှုံ့ဆော်ထားလေပြီ'' ဟုပြောဆိုကြ၏။-
4. သို့ဖြစ်၍ယောဟနန်၊ တပ်မှူးများနှင့်လူ အပေါင်းတို့သည် ယုဒပြည်တွင်နေထိုင်ရန် ထာဝရဘုရား၏အမိန့်တော်ကိုမနာ ခံကြ။-
5. ထိုနောက်ယောဟနန်နှင့်တပ်မှူးအပေါင်း တို့သည် ယုဒပြည်တွင်ကျန်ရှိနေသမျှ သောလူတို့ကိုအီဂျစ်ပြည်သို့ခေါ်ဆောင် သွားကြ၏။ သူတို့သည်နိုင်ငံတကာတွင် ကွဲလွင့်၍နေရာမှ ယုဒပြည်တွင်နေထိုင် ရန်ပြန်လည်ရောက်ရှိလာသူများဖြစ်သည့်၊-
6. အမျိုးသား၊ အမျိုးသမီး၊ ကလေးသူငယ် နှင့်ဘုရင့်သမီးတော်အစရှိသည့်လူအ ပေါင်းတို့ကိုလည်းကောင်း၊ ဂေဒလိလက်တွင် နေဗုဇာရဒန်အပ်နှံထားခဲ့သောငါနှင့် ဗာရုတ်အစရှိသည့်လူအပေါင်းတို့ကို လည်းကောင်းခေါ်ဆောင်သွားသတည်း။-