12. ငါသည်သင်တို့အပေါ်၌ကရုဏာထားသော ကြောင့် သူ့အားသင်တို့ကိုကရုဏာထား၍မိ မိတို့ပြည်သို့ပြန်ခွင့်ပြုစေမည်။ ဤကားငါ ထာဝရဘုရားမြွက်ဟသောစကားဖြစ်၏'' ဟုမိန့်တော်မူလေပြီ။
13. ``သို့ရာတွင်ယုဒပြည်တွင်ကျန်ရစ်သူတို့၊ သင်တို့သည်မိမိတို့ဘုရားသခင်ထာဝရ ဘုရား၏စကားကိုနားမထောင်ဘဲ ဤပြည် တွင်နေထိုင်ရန်မငြင်းဆန်ရကြ။ `ငါတို့ သည်ဤပြည်တွင်မနေလို။-
14. စစ်၏အန္တရာယ်ကိုနောက်တစ်ဖန်မတွေ့ မကြုံရာ၊ စစ်ပွဲဝင်ရန်တံပိုးခရာမှုတ်သံ ကိုမကြားရာ၊ မငတ်မမွတ်ရာအီဂျစ်ပြည် သို့ငါတို့သွားမည်' ဟုသင်တို့မဆိုရကြ။-
15. အကယ်၍ဤသို့သင်တို့ဆိုကြပါမူ ဣသ ရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရားက`သင်တို့သည်အီဂျစ် ပြည်သို့သွားရောက်နေထိုင်ရန်သန္နိဋ္ဌာန် ချမှတ်ထားကြပါလျှင်၊-
16. သင်တို့ကြောက်ရွံ့သည့်စစ်မက်အန္တရာယ်သည် သင်တို့ကိုလိုက်၍မီလိမ့်မည်။ သင်တို့ထိတ်လန့် သည့်ငတ်မွတ်ခေါင်းပါးခြင်းဘေးသည်လည်း သင်တို့နောက်မှလိုက်၍လာလိမ့်မည်။ သို့ဖြစ် ၍သင်တို့သည်အီဂျစ်ပြည်တွင်သေရကြ လိမ့်မည်။-