ယေ​ရ​မိ 41:10-18 Common Language Bible (BCL)

10. ထို​နောက်​ဣ​ရှ​မေ​လ​သည် ဂေ​ဒ​လိ​၏​စောင့် ရှောက်​မှု​ကို​ခံ​ယူ​စေ​ရန် တပ်​မှူး​နေ​ဗု​ဇာ​ရ​ဒန် အပ်​နှံ​ထား​သည့်​ဘု​ရင့်​သ​မီး​တော်​များ​နှင့် မိ​ဇ​ပါ​မြို့​တွင်​ကျန်​ရှိ​နေ​သေး​သူ​အ​ပေါင်း တို့​အား​ဖမ်း​ဆီး​ချုပ်​နှောင်​ပြီး​လျှင် သုံ့​ပန်း များ​အ​ဖြစ်​ဖြင့်​အမ္မုန်​ပြည်​ရှိ​ရာ​သို့​ခေါ် ဆောင်​သွား​လေ​သည်။

11. ဣ​ရှ​မေ​လ​ကူး​လွန်​သည့်​ရာ​ဇ​ဝတ်​မှု​များ အ​ကြောင်း​ကို ကာ​ရာ​၏​သား​ယော​ဟ​နန်​နှင့် တပ်​မ​တော်​ခေါင်း​ဆောင်​များ​ကြား​သိ​ကြ သော​အ​ခါ၊-

12. မိ​မိ​တို့​တပ်​သား​များ​ကို​ခေါ်​၍ ဣ​ရှ​မေ​လ ကို​တိုက်​ခိုက်​ရန်​ထွက်​သွား​ကြ​ရာ​ဂိ​ဘောင်​မြို့ အ​နီး​ရေ​ကန်​ကြီး​တွင်​သူ့​အား​လိုက်​၍​မီ ကြ​၏။-

13. ဣ​ရှ​မေ​လ​၏​သုံ့​ပန်း​များ​သည်​ယော​ဟ​နန် ကို​လည်း​ကောင်း၊ သူ​နှင့်​ပါ​လာ​သည့်​တပ်​မ တော်​ခေါင်း​ဆောင်​များ​ကို​လည်း​ကောင်း မြင် သော​အ​ခါ​ဝမ်း​မြောက်​ကြ​ကုန်​လျက်၊-

14. ယော​ဟ​နန်​ရှိ​ရာ​သို့​လှည့်​၍​ပြေး​လာ​ကြ​လေ သည်။-

15. သို့​ရာ​တွင်​ဣ​ရှ​မေ​လ​နှင့် သူ​၏​လူ​ရှစ်​ယောက်​တို့ မူ​ကား ယော​ဟ​နန်​ထံ​မှ​တိမ်း​ရှောင်​ကာ​အမ္မုန် ပြည်​သို့​လွတ်​မြောက်​သွား​ကြ​၏။

16. ဂေ​ဒ​လိ​အား​သတ်​ပြီး​နောက်​မိ​ဇ​ပါ​မြို့​မှ သုံ့​ပန်း​များ​အ​ဖြစ် ဣ​ရှ​မေ​လ​ခေါ်​ဆောင် လာ​သော​စစ်​သူ​ရဲ​များ၊ အ​မျိုး​သ​မီး​များ၊ က​လေး​သူ​ငယ်​များ​နှင့်​မိန်း​မ​စိုး​များ​အား ယော​ဟ​နန်​နှင့်​သူ​၏​တပ်​မှူး​များ​က​ထိန်း သိမ်း​စောင့်​ရှောက်​ထား​ကြ​၏။-

17. သူ​တို့​သည်​ဂိ​ဘောင်​မြို့​မှ​ယော​ဟ​နန်​ဆောင် ယူ​လာ​သူ​အ​ပေါင်း​တို့​အား​ထိန်း​သိမ်း​စောင့် ရှောက်​ကာ​ထွက်​ခွာ​လာ​ကြ​ပြီး​လျှင် ဗက်​လင် မြို့​အ​နီး​ခိ​မ​ဟံ​စ​ခန်း​၌​ရပ်​နား​ကြ​၏။ သူ တို့​သည်​ဗာ​ဗု​လုန်​အ​မျိုး​သား​တို့​၏​ဘေး မှ​ကင်း​ဝေး​ကြ​စေ​ရန်​အီ​ဂျစ်​ပြည်​သို့ သွား​ကြ​၏။-

18. ဣ​ရှ​မေ​လ​သည်​ယု​ဒ​ဘု​ရင်​ခံ​အ​ဖြစ် ဗာ​ဗု​လုန်​ဘု​ရင်​ခန့်​ထား​ခဲ့​သူ​ဂေ​ဒ​လိ​အား သတ်​ဖြတ်​ခဲ့​သည့်​အ​တွက် သူ​တို့​သည်​ဗာ​ဗု လုန်​အ​မျိုး​သား​တို့​ကို​ကြောက်​ကြ​၏။

ယေ​ရ​မိ 41