1. သတ္တမလ၌ဘုရင်ခံမင်း၏အရာရှိကြီး တစ်ဦးဖြစ်သူဧလိရှမာ၏မြေး၊ နာသနိ ၏သား၊ မင်းမျိုးမင်းနွယ်တစ်ဦးဖြစ်သူ ဣရှမေလသည်လူဆယ်ယောက်နှင့်အတူ ဂေဒလိအားတွေ့ဆုံရန် မိဇပါမြို့သို့လာ ၏။ သူတို့သည်အတူတကွမိဇပါမြို့တွင် စားသောက်လျက်နေကြစဉ်၊-
2. နသနိ၏သားဣရှမေလနှင့်သူ၏လူဆယ် ယောက်သည် မိမိတို့ဋ္ဌားများကိုဆွဲထုတ်ပြီး နောက် ပြည်နယ်ဘုရင်ခံအဖြစ်ဗာဗုလုန် ဘုရင်ခန့်ထားသည့်ဂေဒလိကိုခုတ်သတ် ကြကုန်၏။-
3. ဣရှမေလသည်မိဇပါမြို့တွင်ဂေဒလိ နှင့်အတူရှိနေသည့်ယုဒအမျိုးသားများ နှင့် ထိုအရပ်တွင်ရှိသမျှသောဗာဗုလုန် စစ်သူရဲတို့ကိုလည်းသတ်ဖြတ်လေသည်။
4. နောက်တစ်နေ့၌ဂေဒလိအားလုပ်ကြံမှု ကို အဘယ်သူမျှမသိသေးမီ၊-
5. ရှေခင်၊ ရှိလောနှင့်ရှမာရိမြို့တို့မှလူရှစ် ဆယ်တို့ရောက်ရှိလာကြ၏။ သူတို့သည်မုတ် ဆိတ်များကိုရိတ်ပြီးလျှင် မိမိတို့၏အဝတ် များကိုဆွဲဆုတ်ကာကိုယ်ခန္ဓာကိုလည်းထိရှ ၍ထားကြ၏။ သူတို့သည်ဗိမာန်တော်တွင် ပူဇော်ရန်ပူဇော်သကာနှင့်နံ့သာပေါင်း ကိုဆောင်ယူလာကြလေသည်။-
6. သို့ဖြစ်၍ဣရှမေလသည် သူတို့အားကြို ဆိုရန်မိဇပါမြို့မှထွက်ခွာပြီးလျှင် တစ် လမ်းလုံးငိုကြွေးလျက်သွား၏။ သူသည် ထိုသူတို့နှင့်တွေ့ဆုံမိသောအခါသူတို့ အား``ဂေဒလိထံသို့လာရောက်ကြပါ'' ဟုခေါ်ဖိတ်လေသည်။-
7. ထိုသူတို့မြို့တွင်းသို့ရောက်ရှိသည်နှင့်တစ် ပြိုင်နက် ဣရှမေလနှင့်သူ၏ငယ်သားတို့ သည် ထိုသူတို့အားသတ်၍အလောင်းများ ကိုရေတွင်းထဲသို့ပစ်ချကြ၏။
8. သို့ရာတွင်ထိုလူစုအနက်လူဆယ်ယောက် က``အကျွန်ုပ်တို့အားမသတ်ပါနှင့်။ အကျွန်ုပ် တို့မှာလယ်ကွက်များတွင်ဝှက်ထားသည့်ဂျုံ၊ မုယော၊ သံလွင်ဆီနှင့်ပျားရည်များရှိပါ သည်'' ဟုပြောသဖြင့်ဣရှမေလသည်သူ တို့အားမသတ်ဘဲအသက်ချမ်းသာခွင့် ပေးလေသည်။-