ယေ​ရ​မိ 41:1-4 Common Language Bible (BCL)

1. သတ္တ​မ​လ​၌​ဘု​ရင်​ခံ​မင်း​၏​အ​ရာ​ရှိ​ကြီး တစ်​ဦး​ဖြစ်​သူ​ဧ​လိ​ရှ​မာ​၏​မြေး၊ နာ​သ​နိ ၏​သား၊ မင်း​မျိုး​မင်း​နွယ်​တစ်​ဦး​ဖြစ်​သူ ဣ​ရှ​မေ​လ​သည်​လူ​ဆယ်​ယောက်​နှင့်​အ​တူ ဂေ​ဒ​လိ​အား​တွေ့​ဆုံ​ရန် မိ​ဇ​ပါ​မြို့​သို့​လာ ၏။ သူ​တို့​သည်​အ​တူ​တ​ကွ​မိ​ဇ​ပါ​မြို့​တွင် စား​သောက်​လျက်​နေ​ကြ​စဉ်၊-

2. န​သ​နိ​၏​သား​ဣ​ရှ​မေ​လ​နှင့်​သူ​၏​လူ​ဆယ် ယောက်​သည် မိ​မိ​တို့​ဋ္ဌား​များ​ကို​ဆွဲ​ထုတ်​ပြီး နောက် ပြည်​နယ်​ဘု​ရင်​ခံ​အ​ဖြစ်​ဗာ​ဗု​လုန် ဘု​ရင်​ခန့်​ထား​သည့်​ဂေ​ဒ​လိ​ကို​ခုတ်​သတ် ကြ​ကုန်​၏။-

3. ဣ​ရှ​မေ​လ​သည်​မိ​ဇ​ပါ​မြို့​တွင်​ဂေ​ဒ​လိ နှင့်​အ​တူ​ရှိ​နေ​သည့်​ယု​ဒ​အ​မျိုး​သား​များ နှင့် ထို​အ​ရပ်​တွင်​ရှိ​သ​မျှ​သော​ဗာ​ဗု​လုန် စစ်​သူ​ရဲ​တို့​ကို​လည်း​သတ်​ဖြတ်​လေ​သည်။

4. နောက်​တစ်​နေ့​၌​ဂေ​ဒ​လိ​အား​လုပ်​ကြံ​မှု ကို အ​ဘယ်​သူ​မျှ​မ​သိ​သေး​မီ၊-

ယေ​ရ​မိ 41