ယေ​ရ​မိ 40:1-7 Common Language Bible (BCL)

1. တပ်​မှူး​နေ​ဗု​ဇာ​ရ​ဒန်​သည်​ငါ့​အား​ရာ​မ​မြို့ တွင်​အ​နှောင်​အ​ဖွဲ့​မှ​ဖြေ​လွှတ်​ပြီး​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​ကို​ဗျာ​ဒိတ်​ပေး​တော် မူ​၏။ ငါ​သည်​ဗာ​ဗု​လုန်​မြို့​သို့​ဖမ်း​ဆီး​ခေါ်​ဆောင် လာ​သော အ​ခြား​ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား များ၊ ယု​ဒ​ပြည်​သား​များ​နှင့်​အ​တူ​ထို​မြို့ သို့​လိုက်​ပါ​လာ​ခဲ့​ရ​လေ​သည်။

2. တပ်​မှူး​သည်​ငါ့​အား​နှစ်​ဦး​ချင်း​တွေ့​ဆုံ​ရန် ခေါ်​ယူ​ပြီး​လျှင်``သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​သည်​ဤ​ပြည်​ကို​ဖျက်​ဆီး​ရန်​ခြိမ်း​ခြောက် တော်​မူ​ခဲ့​သည့်​အ​တိုင်း၊-

3. ယ​ခု​ပြု​တော်​မူ​လေ​ပြီ။ ဤ​သို့​ဖြစ်​ပျက်​ရ ခြင်း​မှာ​သင်​၏​အ​မျိုး​သား​တို့​သည်​ထာ​ဝ​ရ ဘု​ရား​အား​ပြစ်​မှား​ကာ ကိုယ်​တော်​၏​စ​ကား ကို​နား​မ​ထောင်​ကြ​သော​ကြောင့်​ဖြစ်​၏။-

4. ယ​ခု​သင်​၏​လက်​ကောက်​ဝတ်​မှ​သံ​ကြိုး​များ ကို​ငါ​ဖြုတ်​ပေး​မည်။ သင်​သည်​ငါ​နှင့်​အ​တူ ဗာ​ဗု​လုန်​မြို့​သို့​လိုက်​လို​က​လိုက်​ပါ​လော့။ သင့်​အား​ကောင်း​စွာ​ငါ​ကြည့်​ရှု​ပါ​မည်။ သင် မ​လိုက်​လို​လျှင်​နေ​နိုင်​ပါ​သည်။ တစ်​ပြည် လုံး​မှ​သင်​ကြိုက်​ရာ​အ​ရပ်​သို့​သင်​သွား နိုင်​သည်'' ဟု​ပြော​၏။

5. ငါ​ပြန်​လည်​မ​ဖြေ​ကြား​သော​အ​ခါ​နေ​ဗု​ဇာ ရ​ဒန်​သည် ဆက်​လက်​၍``ယု​ဒ​မြို့​များ​အ​တွက် ဘု​ရင်​ခံ​အ​ဖြစ်​ဗာ​ဗု​လုန်​ဘု​ရင်​ခန့်​ထား​ခဲ့ သူ​ရှာ​ဖန်​၏​မြေး၊ အ​ဟိ​ရံ​၏​သား​ဂေ​ဒ​လိ​ထံ သို့​ပြန်​၍​သူ​နှင့်​အ​တူ​ပြည်​သူ​တို့​အ​ထဲ​တွင် နေ​ထိုင်​ပါ​လော့။ သို့​မ​ဟုတ်​လျှင်​လည်း​မိ​မိ သွား​သင့်​သည်​ဟု​ထင်​သည့်​အ​ရပ်​သို့​သွား ပါ​လော့'' ဟု​ဆို​၏။ ထို​နောက်​သူ​သည်​လက် ဆောင်​နှင့်​ရိက္ခာ​အ​ချို့​ကို​ယူ​ဆောင်​သွား​ရန် ပေး​အပ်​ပြီး​လျှင်​ငါ့​အား​ခ​ရီး​ပြု​စေ​၏။-

6. ငါ​သည်​လည်း​ဂေ​ဒ​လိ​ထံ​သို့​သွား​၍​မိ​ဇ​ပါ မြို့​တွင်​ကြွင်း​ကျန်​လျက်​ရှိ​သည့်​ပြည်​သူ​ပြည် သား​တို့​နှင့်​အ​တူ​နေ​ထိုင်​လေ​သည်။

7. ယု​ဒ​တပ်​မ​တော်​အ​ရာ​ရှိ​အ​ချို့​နှင့်​စစ်​သူ​ရဲ အ​ချို့​တို့​သည်​လက်​နက်​မ​ချ​ခဲ့​ကြ​ချေ။ သူ တို့​သည်​အ​ဟိ​ကံ​၏​သား​ဂေ​ဒ​လိ​ကို​ဗာ​ဗု လုန်​ဘု​ရင်​ခံ​အ​ဖြစ်​ခန့်​ထား​ပြီး​လျှင် ဗာ​ဗု​လုန် မြို့​သို့​သုံ့​ပန်း​အ​ဖြစ်​ခေါ်​ဆောင်​ခြင်း​မ​ခံ​ရ​ကြ သူ​တို့​အား​အုပ်​စိုး​စေ​တော်​မူ​ကြောင်း​ကြား​သိ ကြ​၏။ ဤ​သူ​တို့​ကား​တိုင်း​ပြည်​တွင်​အ​ဆင်း​ရဲ ဆုံး​သော​သူ​များ​ဖြစ်​သ​တည်း။-

ယေ​ရ​မိ 40