8. သို့ဖြစ်၍လျှော်တေကိုဝတ်၍ငိုကြွေးမြည် တမ်းကြလော့။အဘယ်ကြောင့်ဆိုသော်၊ထာဝရဘုရား၏ ပြင်းထန်သောအမျက်တော်သည်ယုဒပြည်သို့ဦးတည်လျက်ရှိနေသေး သောကြောင့်ဖြစ်၏။
9. ထာဝရဘုရားက``ထိုနေ့၌ရှင်ဘုရင်များ၊ မှူးမတ်များသည်စိတ်ပျက်အားလျော့ကြ လိမ့်မည်။ ယဇ်ပုရောဟိတ်များသည်တအံ့ တသြဖြစ်၍ ပရောဖက်တို့သည်အံ့အား သင့်လျက်ရှိကြလိမ့်မည်'' ဟုမိန့်တော်မူပါ၏။
10. ထိုအခါငါသည်``အို အရှင်ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ယေရုရှလင်မြို့သားတို့ အားလှည့်ဖြားတော်မူပါပြီ။ ငြိမ်းချမ်းမှု ရရှိလိမ့်မည်ဟုကိုယ်တော်ရှင်မိန့်တော်မူခဲ့ သော်လည်း ယခုအခါသူတို့၏လည်မျိုတွင် ဋ္ဌားတေ့လျက်ရှိပါ၏'' ဟုလျှောက်၏။
11. သဲကန္တာရမှလေပူကြီးသည် တိုက်ခတ်လာ လိမ့်မည်ဖြစ်ကြောင်းယေရုရှလင်မြို့သား တို့ကြားသိရမည့်နေ့ရက်ကာလသည်ကျ ရောက်လာလိမ့်မည်။ ထိုလေသည်သူတို့အား ဂျုံစပါးလှေ့ရန်တိုက်ခတ်လာခြင်းမဟုတ်။-