16. ကိုယ်တော်က``သင်သည်ဆူဒန်အမျိုးသား ဧဗဒမေလက်အား`ဣသရေလအမျိုးသား တို့၏ဘုရားသခင်၊ အနန္တတန်ခိုးရှင်ထာဝရ ဘုရားကငါသည်ယခင်ကဖော်ပြခဲ့သည့် အတိုင်းဤမြို့ကိုယိုယွင်းပျက်စီးစေမည်။ ယင်းကိုချမ်းသာကြွယ်ဝစေလိမ့်မည်မဟုတ်။ အချိန်ကျသောအခါဤအမှုအရာများ ဖြစ်ပျက်လာသည်ကိုတွေ့မြင်နိုင်ရန်သင် သည်ထိုမြို့တွင်ရှိနေပေလိမ့်မည်။-
17. သို့ရာတွင်သင့်အားငါထာဝရဘုရား ကွယ်ကာစောင့်ထိန်းတော်မူမည်ဖြစ်၍ သင် သည်မိမိကြောက်လန့်သည့်လူတို့၏လက် တွင်းသို့ကျရောက်ရလိမ့်မည်မဟုတ်။-
18. ငါသည်သင့်ကိုဘေးမဲ့လုံခြုံစွာထားမည် ဖြစ်သဖြင့် သင်သည်အသတ်ခံရလိမ့်မည် မဟုတ်။ သင်သည်ငါ့ကိုယုံကြည်ကိုးစား သောကြောင့်အသက်ချမ်းသာရာရလိမ့်မည်။ ဤကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏' ဟုမိန့်တော်မူကြောင်းဆင့် ဆိုလော့'' ဟုမှာကြားတော်မူ၏။