ယေ​ရ​မိ 39:12-16 Common Language Bible (BCL)

12. ``သင်​သည်​သွား​၍​ယေ​ရ​မိ​ကို​ခေါ်​ယူ​ကာ ကောင်း​စွာ​ကြည့်​ရှု​စောင့်​ရှောက်​လော့။ သူ့​ကို မ​ညှင်း​ဆဲ​နှင့်။ သူ​အ​လို​ရှိ​သည်​အ​တိုင်း ဆောင်​ရွက်​၍​ပေး​လော့'' ဟု​မှာ​ကြား​တော် မူ​၏။-

13. သို့​ဖြစ်​၍​နေ​ဗု​ဇာ​ရ​ဒန်​နှင့်​အ​မတ်​ကြီး တစ်​ဦး​ဖြစ်​သူ​နေ​ဗု​ရှာ​ဇ​ဗန်၊ အ​ခြား​အမတ် ကြီး​နေ​ရ​ဂါ​လ​ရှ​ရေ​ဇာ​အ​စ​ရှိ​သည့် ဗာ​ဗု​လုန်​ဘု​ရင်​၏​မှူး​မတ်​အ​ပေါင်း​တို့​သည်၊-

14. ငါ့​အား​နန်း​တော်​ဝင်း​အ​တွင်း​မှ​ခေါ်​ယူ​ကြ​၏။ ထို​နောက်​သူ​တို့​သည်​ငါ့​အား​ဘေး​မဲ့​လုံ​ခြုံ စွာ​အိမ်​သို့​ပြန်​လည်​ပို့​ဆောင်​စေ​ရန်​ရှာ​ဖန် ၏​မြေး၊ အ​ဟိ​တံ​၏​သား​ဂေ​ဒ​လိ​၏​လက်​သို့ ပေး​အပ်​ကြ​၏။ သို့​ဖြစ်​၍​ငါ​သည်​မိ​မိ​၏ အ​မျိုး​သား​များ​နှင့်​အ​တူ​တစ်​ဖန်​နေ​ထိုင် ရ​လေ​သည်။

15. ငါ​သည်​နန်း​တော်​ဝင်း​အ​တွင်း​၌ အ​ကျဉ်း​ခံ နေ​ရ​စဉ်​ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား ဗျာ​ဒိတ်​ပေး​တော်​မူ​၏။-

16. ကိုယ်​တော်​က``သင်​သည်​ဆူ​ဒန်​အ​မျိုး​သား ဧ​ဗ​ဒ​မေ​လက်​အား`ဣသ​ရေ​လ​အ​မျိုး​သား တို့​၏​ဘု​ရား​သ​ခင်၊ အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ ဘု​ရား​က​ငါ​သည်​ယ​ခင်​က​ဖော်​ပြ​ခဲ့​သည့် အ​တိုင်း​ဤ​မြို့​ကို​ယို​ယွင်း​ပျက်​စီး​စေ​မည်။ ယင်း​ကို​ချမ်း​သာ​ကြွယ်​ဝ​စေ​လိမ့်​မည်​မ​ဟုတ်။ အ​ချိန်​ကျ​သော​အ​ခါ​ဤ​အ​မှု​အ​ရာ​များ ဖြစ်​ပျက်​လာ​သည်​ကို​တွေ့​မြင်​နိုင်​ရန်​သင် သည်​ထို​မြို့​တွင်​ရှိ​နေ​ပေ​လိမ့်​မည်။-

ယေ​ရ​မိ 39