1. ယုဒဘုရင်ဇေဒကိနန်းစံနဝမနှစ်၊ ဒသမ လ၌ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာသည် မိမိ ၏တပ်မတော်ကြီးတစ်ခုလုံးနှင့်လာရောက်၍ ယေရုရှလင်မြို့ကိုတိုက်ခိုက်လေသည်။-
2. ဇေဒကိနန်းစံတစ်ဆယ့်တစ်နှစ်မြောက်၊ စတုတ္ထ လ၊ နဝမရက်နေ့၌မြို့ရိုးများပြိုကျ၍ သွားလေ၏။
3. (ယေရုရှလင်မြို့ကိုသိမ်းယူရရှိသောအခါ နေရဂါလရှရေဇာ၊ သံဂါနေဗော၊ စာသခိမ် နှင့်အခြားနေရဂါလရှရေဇာတို့အပါ အဝင်ဗာဗုလုန်ဘုရင်၏မှူးမတ်တို့သည် အလယ်တံခါးသို့လာ၍ထိုင်ကြ၏။)