ယေ​ရ​မိ 38:3-11 Common Language Bible (BCL)

3. ငါ​သည်​ဤ​မြို့​ကို​ဗာ​ဗု​လုန်​ဘု​ရင်​၏​တပ်​မ တော်​သို့​ပေး​အပ်​မည်။ သူ​သည်​လည်း​ဤ​မြို့ ကို​သိမ်း​ယူ​လိမ့်​မည်'' ဟူ​၍​ဖြစ်​သည်။-

4. ထို​အ​ခါ​မှူး​မတ်​တို့​သည်​မင်း​ကြီး​အား``ဤ သူ​ကို​သုတ်​သင်​ပစ်​မှ​ဖြစ်​ပါ​မည်။ သူ​သည် ဤ​စ​ကား​များ​ကို​ပြော​ဆို​ခြင်း​အား​ဖြင့် မြို့​တွင်း​ရှိ​စစ်​သည်​သူ​ရဲ​တို့​အား​လျော့ စေ​ပါ​၏။ မြို့​ထဲ​တွင်​အ​ခြား​ကျန်​ရှိ​နေ​သေး သူ​အ​ပေါင်း​ကို​လည်း​ဤ​နည်း​အ​တိုင်း​ပင် ဖြစ်​စေ​ပါ​၏။ သူ​သည်​လူ​တို့​၏​ကောင်း​ကျိုး ကို​မ​ရှာ၊ ဆိုး​ကျိုး​ကို​သာ​လျှင်​ရှာ​ပါ​၏'' ဟု​လျှောက်​ထား​ကြ​၏။-

5. သို့​ဖြစ်​၍​ဇေ​ဒ​ကိ​မင်း​က``ကောင်း​ပြီ။ သူ့​အား သင်​တို့​ပြု​လို​ရာ​ပြု​ကြ​ပေ​လော့။ သင်​တို့ အား​ငါ​မ​ဆီး​တား'' ဟု​မိန့်​တော်​မူ​၏။-

6. ထို့​ကြောင့်​မှူး​မတ်​တို့​သည်​ငါ့​ကို​ယူ​ဆောင်​ကာ နန်း​တော်​ဝင်း​အ​တွင်း​၌​ရှိ​သော​မင်း​သား မာ​လ​ခိ​၏​ရေ​တွင်း​ထဲ​သို့​ကြိုး​များ​ဖြင့် လျှော​ချ​လိုက်​ကြ​၏။ ရေ​တွင်း​ထဲ​၌​ရေ​မ​ရှိ။ ရွှံ့​နွံ​များ​သာ​လျှင်​ရှိ​သ​ဖြင့်​ငါ​သည်​ရွှံ့​နွံ တွင်​ကျွံ​နစ်​လျက်​နေ​လေ​၏။-

7. သို့​ရာ​တွင်​နန်း​တော်​အ​မှု​ထမ်း​ဆူ​ဒန်​အ​မျိုး သား​မိန်း​မ​စိုး​ဧ​ဗ​ဒ​မေ​လက်​သည် ဤ​သို့​ထို သူ​တို့​က​ရေ​တွင်း​ထဲ​သို့​ချ​လိုက်​ကြောင်း​ကို ကြား​သိ​သွား​လေ​သည်။ ထို​အ​ချိန်​၌​မင်း​ကြီး သည်​ဗင်္ယာ​မိန်​တံ​ခါး​အ​နီး​တွင်​ညီ​လာ​ခံ လျက်​နေ​၏။-

8. သို့​ဖြစ်​၍​ဧ​ဗ​ဒ​မေ​လက်​သည်​နန်း​တော်​မှ ထို​အ​ရပ်​သို့​သွား​ပြီး​လျှင်​မင်း​ကြီး​အား၊-

9. ``အ​ရှင်​မင်း​ကြီး၊ ဤ​သူ​တို့​ပြု​ခဲ့​ကြ​သည့် အ​မှု​များ​သည်​မှား​ပါ​၏။ သူ​တို့​သည်​ယေ​ရ​မိ အား​ရေ​တွင်း​ထဲ​သို့​ချ​ခဲ့​ကြ​ပါ​ပြီ။ သူ​သည် ဧ​ကန်​မု​ချ​အ​စာ​ငတ်​၍​သေ​ရ​ပါ​လိမ့်​မည်။ မြို့​တွင်း​၌​လည်း​အ​စာ​ရေ​စာ​မ​ရှိ​တော့ ပါ'' ဟု​လျှောက်​လေ​၏။-

10. ထို​အ​ခါ​မင်း​ကြီး​သည်​ဧ​ဗ​ဒ​မေ​လက်​အား ထို​အ​ရပ်​တွင်​ရှိ​သည့်​လူ​သုံး​ယောက်​ကို​ခေါ် ယူ​ကာ ယေ​ရ​မိ​မ​သေ​မီ​ရေ​တွင်း​ထဲ​မှ​ဆယ် ယူ​စေ​တော်​မူ​၏။-

11. ထို့​ကြောင့်​ဧ​ဗ​ဒ​မေလက်​သည်​လူ​တို့​ခေါ်​ကာ ထို​နန်း​တော်​ပစ္စည်း​သို​လှောင်​ခန်း​သို့​ဝင်​ပြီး လျှင် ဟောင်း​နွမ်း​သော​အ​ဝတ်​စုတ်​များ​ကို​ယူ ပြီး​လျှင် ရေ​တွင်း​ထဲ​၌​ရှိ​သော​ငါ့​ထံ​သို့ ကြိုး​များ​နှင့်​အ​တူ​ချ​၍​ပေး​လေ​သည်။-

ယေ​ရ​မိ 38