ယေ​ရ​မိ 38:17-21 Common Language Bible (BCL)

17. ထို​အ​ခါ​ငါ​သည်​ဇေ​ဒ​ကိ​မင်း​အား``ဣ​သ ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​အ​နန္တ တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က `သင်​သည်​ဗာ ဗု​လုန်​ဘု​ရင်​၏​မှူး​မတ်​တို့​ထံ​တွင်​လက်​နက် ချ​ပါ​မူ​အ​သက်​ချမ်း​သာ​ရာ​ရ​လိမ့်​မည်။ ဤ မြို့​သည်​လည်း​မီး​လောင်​ကျွမ်း​ရ​လိမ့်​မည်​မ ဟုတ်။ သင်​နှင့်​သင်​၏​အိမ်​ထောင်​စု​သား​များ ပါ​အ​သက်​ချမ်း​သာ​ကြ​လိမ့်​မည်။-

18. သို့​ရာ​တွင်​အ​ကယ်​၍​သင်​လက်​နက်​မ​ချ ပါ​မူ ဤ​မြို့​သည်​ဗာ​ဗု​လုန်​အ​မျိုး​သား​တို့ ၏​လက်​တွင်း​သို့​ကျ​ရောက်​ရ​လိမ့်​မည်။ သူ​တို့ သည်​လည်း​ဤ​မြို့​ကို​မီး​ရှို့​လိုက်​ကြ​လိမ့်​မည်။ သင်​သည်​သူ​တို့​၏​ဘေး​မှ​လွတ်​မြောက်​ရ​လိမ့် မည်​မ​ဟုတ်' ဟု​မိန့်​တော်​မူ​ပါ​၏'' ဟု​လျှောက် ထား​၏။

19. သို့​ရာ​တွင်​ဇေ​ဒ​ကိ​မင်း​က``ဗာ​ဗု​လုန်​အ​မျိုး သား​တို့​ဘက်​သို့​ထွက်​ပြေး​ကြ​သော​ယု​ဒ အ​မျိုး​သား​တို့​ကို​ငါ​ကြောက်​၏။ အ​ကယ် ၍​ငါ​သည်​သူ​တို့​လက်​သို့​အ​အပ်​ခံ​ရ​ခဲ့ သော်​သူ​တို့​သည်​ငါ့​အား​အ​ပြင်း​အ​ထန် ညှင်း​ဆဲ​ကြ​လိမ့်​မည်'' ဟု​ဆို​၏။

20. ငါ​က``အ​ရှင်​သည်​ထို​သူ​တို့​လက်​တွင်း​သို့ ကျ​ရောက်​ရ​လိမ့်​မည်​မ​ဟုတ်​ပါ။ အ​ရှင့်​အား အ​ကျွန်ုပ်​ပြန်​ကြား​ခဲ့​သည့်​ထာ​ဝ​ရ​ဘု​ရား ၏​ဗျာ​ဒိတ်​တော်​အ​တိုင်း​လိုက်​နာ​ဆောင်​ရွက် တော်​မူ​ရန်​အ​ကျွန်ုပ်​ပန်​ကြား​ပါ​၏။ ဤ အ​တိုင်း​ပြု​တော်​မူ​လျှင်​အ​စ​စ​အ​ရာ​ရာ အ​ဆင်​ပြေ​လျက် အ​ရှင်​သည်​အ​သက်​ချမ်း သာ​ရာ​ရ​ပါ​လိမ့်​မည်။-

21. သို့​ရာ​တွင်​အ​ကယ်​၍​အ​ရှင်​သည်​လက်​နက် ချ​ရန်​ငြင်း​ဆန်​တော်​မူ​ပါ​က အ​ဘယ်​သို့ သော​အ​မှု​များ​ဖြစ်​ပျက်​လာ​လိမ့်​မည်​ကို ထာ​ဝ​ရ​ဘု​ရား​သည်​အ​ကျွန်ုပ်​အား ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တွင်​ပြ​တော်​မူ​ပါ​ပြီ။-

ယေ​ရ​မိ 38