ယေ​ရ​မိ 38:15-17 Common Language Bible (BCL)

15. ငါ​က``အ​ကယ်​၍​အ​ကျွန်ုပ်​သည်​မှန်​ရာ​ကို လျှောက်​ထား​ပါ​မူ အ​ရှင်​သည်​အ​ကျွန်ုပ်​အား ကွပ်​မျက်​ပါ​လိမ့်​မည်။ အ​ကျွန်ုပ်​အ​ကြံ​ပေး လျှင်​လည်း​အ​ရှင်​ပ​မာ​ဏ​ပြု​တော်​မူ​လိမ့် မည်​မ​ဟုတ်​ပါ'' ဟု​လျှောက်​ထား​၏။

16. သို့​ဖြစ်​၍​ဇေ​ဒ​ကိ​မင်း​သည်​ငါ့​အား``ငါ​တို့ ကို​ဖန်​ဆင်း​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​သည် အ​သက်​ရှင်​တော်​မူ​သည့်​အ​တိုင်း ငါ​သည်​သင့် အား​သတ်​မည်​မ​ဟုတ်။ သင့်​ကို​သတ်​လို​သူ​တို့ ၏​လက်​သို့​လည်း​ပေး​အပ်​မည်​မ​ဟုတ်'' ဟု လျှို့​ဝှက်​စွာ​က​တိ​ပေး​တော်​မူ​၏။

17. ထို​အ​ခါ​ငါ​သည်​ဇေ​ဒ​ကိ​မင်း​အား``ဣ​သ ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​အ​နန္တ တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က `သင်​သည်​ဗာ ဗု​လုန်​ဘု​ရင်​၏​မှူး​မတ်​တို့​ထံ​တွင်​လက်​နက် ချ​ပါ​မူ​အ​သက်​ချမ်း​သာ​ရာ​ရ​လိမ့်​မည်။ ဤ မြို့​သည်​လည်း​မီး​လောင်​ကျွမ်း​ရ​လိမ့်​မည်​မ ဟုတ်။ သင်​နှင့်​သင်​၏​အိမ်​ထောင်​စု​သား​များ ပါ​အ​သက်​ချမ်း​သာ​ကြ​လိမ့်​မည်။-

ယေ​ရ​မိ 38