ယေ​ရ​မိ 38:11-23 Common Language Bible (BCL)

11. ထို့​ကြောင့်​ဧ​ဗ​ဒ​မေလက်​သည်​လူ​တို့​ခေါ်​ကာ ထို​နန်း​တော်​ပစ္စည်း​သို​လှောင်​ခန်း​သို့​ဝင်​ပြီး လျှင် ဟောင်း​နွမ်း​သော​အ​ဝတ်​စုတ်​များ​ကို​ယူ ပြီး​လျှင် ရေ​တွင်း​ထဲ​၌​ရှိ​သော​ငါ့​ထံ​သို့ ကြိုး​များ​နှင့်​အ​တူ​ချ​၍​ပေး​လေ​သည်။-

12. ထို​နောက်​ဧ​ဗ​ဒ​မေ​လက်​သည်​ငါ့​အား``သင့် အား​ကြိုး​များ​မ​ပွန်း​မ​ရှ​နိုင်​စေ​ရန် ဤ အ​ဝတ်​စုတ်​ကို​သင်​၏​ချိုင်း​အောက်​တွင်​ခံ ၍​ထား​လော့'' ဟု​ဆို​၏။ ငါ​သည်​ဤ​အ​တိုင်း ပြု​၏။-

13. ထို​နောက်​သူ​တို့​သည်​ငါ့​အား​ကြိုး​များ​ဖြင့် ဆွဲ​၍​ရေ​တွင်း​ထဲ​မှ​ကယ်​ဆယ်​လိုက်​ကြ​၏။ ထို​နောက်​ငါ​သည်​နန်း​တော်​ဝင်း​အ​တွင်း​၌ နေ​ရ​လေ​သည်။

14. ဇေ​ဒ​ကိ​မင်း​သည်​ငါ့​အား​ဗိ​မာန်​တော်​တ​တိ​ယ မုခ်​ဆောင်​ခန်း​သို့​ခေါ်​ယူ​စေ​ပြီး​လျှင်``သင့်​အား မေး​ခွန်း​တစ်​ခု​ကို​ငါ​မေး​မည်။ ငါ​၏​ထံ​မှ​မည် သည့်​အ​ရာ​ကို​မျှ​ထိမ်​ဝှက်​၍​မ​ထား​နှင့်'' ဟု ဆို​၏။

15. ငါ​က``အ​ကယ်​၍​အ​ကျွန်ုပ်​သည်​မှန်​ရာ​ကို လျှောက်​ထား​ပါ​မူ အ​ရှင်​သည်​အ​ကျွန်ုပ်​အား ကွပ်​မျက်​ပါ​လိမ့်​မည်။ အ​ကျွန်ုပ်​အ​ကြံ​ပေး လျှင်​လည်း​အ​ရှင်​ပ​မာ​ဏ​ပြု​တော်​မူ​လိမ့် မည်​မ​ဟုတ်​ပါ'' ဟု​လျှောက်​ထား​၏။

16. သို့​ဖြစ်​၍​ဇေ​ဒ​ကိ​မင်း​သည်​ငါ့​အား``ငါ​တို့ ကို​ဖန်​ဆင်း​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​သည် အ​သက်​ရှင်​တော်​မူ​သည့်​အ​တိုင်း ငါ​သည်​သင့် အား​သတ်​မည်​မ​ဟုတ်။ သင့်​ကို​သတ်​လို​သူ​တို့ ၏​လက်​သို့​လည်း​ပေး​အပ်​မည်​မ​ဟုတ်'' ဟု လျှို့​ဝှက်​စွာ​က​တိ​ပေး​တော်​မူ​၏။

17. ထို​အ​ခါ​ငါ​သည်​ဇေ​ဒ​ကိ​မင်း​အား``ဣ​သ ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​အ​နန္တ တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က `သင်​သည်​ဗာ ဗု​လုန်​ဘု​ရင်​၏​မှူး​မတ်​တို့​ထံ​တွင်​လက်​နက် ချ​ပါ​မူ​အ​သက်​ချမ်း​သာ​ရာ​ရ​လိမ့်​မည်။ ဤ မြို့​သည်​လည်း​မီး​လောင်​ကျွမ်း​ရ​လိမ့်​မည်​မ ဟုတ်။ သင်​နှင့်​သင်​၏​အိမ်​ထောင်​စု​သား​များ ပါ​အ​သက်​ချမ်း​သာ​ကြ​လိမ့်​မည်။-

18. သို့​ရာ​တွင်​အ​ကယ်​၍​သင်​လက်​နက်​မ​ချ ပါ​မူ ဤ​မြို့​သည်​ဗာ​ဗု​လုန်​အ​မျိုး​သား​တို့ ၏​လက်​တွင်း​သို့​ကျ​ရောက်​ရ​လိမ့်​မည်။ သူ​တို့ သည်​လည်း​ဤ​မြို့​ကို​မီး​ရှို့​လိုက်​ကြ​လိမ့်​မည်။ သင်​သည်​သူ​တို့​၏​ဘေး​မှ​လွတ်​မြောက်​ရ​လိမ့် မည်​မ​ဟုတ်' ဟု​မိန့်​တော်​မူ​ပါ​၏'' ဟု​လျှောက် ထား​၏။

19. သို့​ရာ​တွင်​ဇေ​ဒ​ကိ​မင်း​က``ဗာ​ဗု​လုန်​အ​မျိုး သား​တို့​ဘက်​သို့​ထွက်​ပြေး​ကြ​သော​ယု​ဒ အ​မျိုး​သား​တို့​ကို​ငါ​ကြောက်​၏။ အ​ကယ် ၍​ငါ​သည်​သူ​တို့​လက်​သို့​အ​အပ်​ခံ​ရ​ခဲ့ သော်​သူ​တို့​သည်​ငါ့​အား​အ​ပြင်း​အ​ထန် ညှင်း​ဆဲ​ကြ​လိမ့်​မည်'' ဟု​ဆို​၏။

20. ငါ​က``အ​ရှင်​သည်​ထို​သူ​တို့​လက်​တွင်း​သို့ ကျ​ရောက်​ရ​လိမ့်​မည်​မ​ဟုတ်​ပါ။ အ​ရှင့်​အား အ​ကျွန်ုပ်​ပြန်​ကြား​ခဲ့​သည့်​ထာ​ဝ​ရ​ဘု​ရား ၏​ဗျာ​ဒိတ်​တော်​အ​တိုင်း​လိုက်​နာ​ဆောင်​ရွက် တော်​မူ​ရန်​အ​ကျွန်ုပ်​ပန်​ကြား​ပါ​၏။ ဤ အ​တိုင်း​ပြု​တော်​မူ​လျှင်​အ​စ​စ​အ​ရာ​ရာ အ​ဆင်​ပြေ​လျက် အ​ရှင်​သည်​အ​သက်​ချမ်း သာ​ရာ​ရ​ပါ​လိမ့်​မည်။-

21. သို့​ရာ​တွင်​အ​ကယ်​၍​အ​ရှင်​သည်​လက်​နက် ချ​ရန်​ငြင်း​ဆန်​တော်​မူ​ပါ​က အ​ဘယ်​သို့ သော​အ​မှု​များ​ဖြစ်​ပျက်​လာ​လိမ့်​မည်​ကို ထာ​ဝ​ရ​ဘု​ရား​သည်​အ​ကျွန်ုပ်​အား ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တွင်​ပြ​တော်​မူ​ပါ​ပြီ။-

22. ယု​ဒ​ဘု​ရင်​၏​နန်း​တော်​တွင်​ကျန်​ရှိ​သ​မျှ သော​အ​မျိုး​သ​မီး​တို့​ကို ဗာ​ဗု​လုန်​ဘု​ရင် ၏​မှူး​မတ်​များ​ထံ​သို့​ထုတ်​ဆောင်​သွား​ကြ လိမ့်​မည်။ သူ​တို့​သည်​ဤ​သို့​ထွက်​ခွာ​သွား ကြ​ရ​စဉ်၊`မင်း​ကြီး​၏​အ​ချစ်​ဆုံး​မိတ်​ဆွေ​များ​သည်သူ့​အား​လှည့်​စား​၍၊သူ့​အ​ပေါ်​၌​သြ​ဇာ​လွှမ်း​မိုး ကြ​၏။ယ​ခု​အ​ခါ၊မင်း​ကြီး​၏​ခြေ​တို့​သည်​ရွှံ့​နွံ​တွင် ကျွံ​လျက်​နေ​ပြီ​ဖြစ်​၍၊ထို​မိတ်​ဆွေ​များ​သည်​သူ့​အား​စွန့်​ပစ်​ကြ​လေ​ပြီ' ဟု​ဆို​ကြ​လိမ့်​မည်'' ဟု​လျှောက်​ထား​၏။

23. ထို​နောက်​ငါ​က``ဗာ​ဗု​လုန်​အ​မျိုး​သား​တို့ သည် အ​ရှင်​၏​မိ​ဖု​ရား​များ​နှင့်​သား​သ​မီး အ​ပေါင်း​ကို​ထုတ်​ဆောင်​သွား​လိမ့်​မည်။ အ​ရှင် ကိုယ်​တိုင်​ပင်​လျှင်​သူ​တို့​၏​ဘေး​မှ​လွတ် မြောက်​လိမ့်​မည်​မ​ဟုတ်​ပါ။ ဗာ​ဗု​လုန်​ဘု​ရင် ၏​ဖမ်း​ဆီး​ခြင်း​ကို​ခံ​ရ​ပါ​လိမ့်​မည်။ ဤ မြို့​သည်​လည်း​မီး​ကျွမ်း​လောင်​၍​သွား​လိမ့် မည်'' ဟု​လျှောက်​ထား​ပြန်​၏။

ယေ​ရ​မိ 38