ယေ​ရ​မိ 36:21-25 Common Language Bible (BCL)

21. ထို​အ​ခါ​မင်း​ကြီး​သည်​ယေ​ဟု​ဒိ​အား​စေ လွှတ်​၍​စာ​လိပ်​ကို​အ​ယူ​ခိုင်း​လေ​သည်။ ယေ​ဟု ဒိ​သည်​လည်း​ဧ​လိ​ရှ​မာ​၏​အ​ခန်း​မှ​ထို​စာ လိပ်​ကို​ယူ​ပြီး​လျှင် မင်း​ကြီး​နှင့်​တ​ကွ​မင်း ကြီး​၏​ပတ်​လည်​တွင်​ရပ်​လျက်​နေ​သည့် မှူး​မတ်​များ​၏​ရှေ့​တွင်​ဖတ်​ပြ​၏။-

22. ထို​ကာ​လ​သည်​ဆောင်း​အ​ခါ​ဖြစ်​၍​မင်း ကြီး​သည် မိ​မိ​၏​ဆောင်း​ရာ​သီ​စံ​နန်း အ​တွင်း​မီး​အိုး​ကင်း​ရှေ့​တွင်​ထိုင်​လျက်​နေ​၏။-

23. ယေ​ဟု​ဒိ​ဖတ်​၍​သုံး​လေး​ပိုဒ်​မျှ​ပြီး​သည် နှင့်​တစ်​ပြိုင်​နက်​မင်း​ကြီး​သည် ထို​အ​ပိုဒ်​တို့ ကို​ဋ္ဌား​နှင့်​လှီး​ဖြတ်​၍​မီး​ထဲ​သို့​ပစ်​ထည့် လိုက်​၏။ သူ​သည်​ဤ​နည်း​အ​တိုင်း​ပင်​စာ လိပ်​တစ်​ခု​လုံး​မီး​လောင်​ကျွမ်း​၍​သွား သည့်​တိုင်​အောင်​ပြု​လေ​သည်။-

24. သို့​ရာ​တွင်​စာ​လိပ်​ပါ​စ​ကား​အ​လုံး​စုံ​ကို ကြား​ရ​သူ​မင်း​ကြီး​နှင့်​တ​ကွ အ​ဘယ်​မှူး မတ်​မျှ​ကြောက်​လန့်​မှု​မ​ဖြစ်​ကြ။ နောင်​တ ရ​သည့်​လက္ခ​ဏာ​ကို​လည်း​မ​ပြ​ကြ။-

25. ဧ​လ​နာ​သန်၊ ဒေ​လာ​ယ​နှင့်​ဂေ​မ​ရိ​တို့ သည်​မင်း​ကြီး​အား ထို​စာ​လိပ်​ကို​မီး​မ​ရှို့ ရန်​လျှောက်​ထား​တောင်း​ပန်​ကြ​သော်​လည်း မင်း​ကြီး​သည်​သူ​တို့​၏​ပန်​ကြား​ချက်​ကို နား​မ​ထောင်​ချေ။-

ယေ​ရ​မိ 36