ယေ​ရ​မိ 36:10-23 Common Language Bible (BCL)

10. ထို​အ​ခါ​ဗာ​ရုတ်​သည်​စာ​လိပ်​ပါ​ငါ​နှုတ် တိုက်​ချ​ပေး​သ​မျှ​သော​စ​ကား​တို့​ကို ဗိ​မာန် တော်​တွင်း​ရှိ​လူ​တို့​ကြား​နိုင်​လောက်​သော​အ​ရပ် မှ​ဖတ်​ပြ​လေ​သည်။ သူ​သည်​ဂေ​မ​ရိ​၏​သား ဘု​ရင်​၏​အ​တိုင်​ပင်​ခံ​အ​မတ်​ရှာဖန်​၏​အ​ခန်း မှ​နေ​၍​ထို​စာ​လိပ်​ကို​ဖတ်​သ​တည်း။ ထို​အ​ခန်း သည်​ဗိ​မာန်​တော်​အ​ဝင်​ဝ​တံ​ခါး​သစ်​အ​နီး အ​ထက်​တံ​တိုင်း​အ​တွင်း​၌​တည်​ရှိ​လေ​သည်။

11. ဂေ​မ​ရိ​၏​သား​ရှာ​ဖန်​၏​မြေး၊ မိက္ခာ​ယ​သည် ထို​စာ​လိပ်​တွင်​ပါ​ရှိ​သည့်​ထာ​ဝ​ရ​ဘု​ရား ၏​စ​ကား​တော်​တို့​ကို​ကြား​လျှင်၊-

12. နန်း​တော်​အ​တွင်း​မှူး​မတ်​များ​စည်း​ဝေး​လျက် ရှိ​ရာ​ဘု​ရင့်​အ​တိုင်​ပင်​ခံ​အ​မတ်​၏​အ​ခန်း​သို့ သွား​လေ​သည်။ ထို​အ​ရပ်​တွင်​ဘု​ရင့်​အတိုင်​ပင်​ခံ အ​မတ်​ဧ​လိ​ရှ​မာ၊ ရှေ​မာ​ယ​၏​သား​ဒေ​လာ​သ၊ အာ​ခ​ဗော်​၏​သား​ဧ​လ​နာ​သန်၊ ရှာ​ဖန်​၏​သား ဂေ​မ​ရိ၊ ဟာ​န​နိ​၏​သား​ဇေ​ဒ​ကိ​နှင့်​အ​ခြား မှူး​မတ်​အ​ပေါင်း​တို့​ရှိ​ကြ​၏။-

13. မိက္ခာ​ယ​သည်​လူ​တို့​အား​ဗာရုတ်​ဖတ်​ပြ​သည့် စ​ကား​များ​အ​နက်​မိ​မိ​ကြား​သိ​ခဲ့​ရ​သ​မျှ ကို​ထို​သူ​တို့​အား​ပြော​ပြ​လေ​သည်။-

14. ထို​အ​ခါ​မှူး​မတ်​တို့​သည်​ကု​ရှိ​၏​မြစ်၊ ရှေ​လ​မိ ၏​မြေး၊ နာ​သ​နိ​၏​သား​ယေ​ဟု​ဒိ​ကို​ဗာ​ရုတ် ထံ​သို့​စေ​လွှတ်​၍ ဗာ​ရုတ်​အား​မိ​မိ​လူ​တို့​ဖတ်​ပြ သည့်​စာ​လိပ်​နှင့်​အ​တူ​လာ​ရောက်​ရန်​မှာ​ကြား လိုက်​ကြ​၏။ ဗာ​ရုတ်​သည်​လည်း​ထို​သူ​တို့​ထံ သို့​လာ​လေ​သည်။-

15. ထို​သူ​တို့​သည်​ဗာ​ရုတ်​ကို​ထိုင်​ရန်​ပြော​ကြား ပြီး​လျှင်``ဤ​စာ​လိပ်​ကို​ငါ့​တို့​အား​ဖတ်​ပြ ပါ​လော့'' ဟု​ဆို​သ​ဖြင့်​ဗာ​ရုတ်​သည်​ဖတ်​၍ ပြ​၏။-

16. ဖတ်​၍​ပြီး​ဆုံး​သွား​သော​အ​ခါ​မှူး​မတ်​တို့​သည် ထိတ်​လန့်​သည့်​အ​မှု​အ​ရာ​ဖြင့်​အ​ချင်း​ချင်း ကြည့်​ကာ``ဤ​အ​မှု​ကို​မင်း​ကြီး​အား​ငါ​တို့ သံ​တော်​ဦး​တင်​ရ​ပါ​မည်'' ဟု​ဗာ​ရုတ်​အား ပြော​ကြာ​ပြီး​လျှင်၊-

17. ``သင်​သည်​အ​ဘယ်​သို့​လျှင်​ဤ​စ​ကား​အ​လုံး စုံ​ကို​ရ​ရှိ​ရေး​မှတ်​ခဲ့​ပါ​သ​နည်း။ ယင်း​တို့ ကို​သင့်​အား​ယေ​ရ​မိ​နှုတ်​တိုက်​ချ​ပေး​ပါ သ​လော'' ဟု​မေး​မြန်း​ကြ​၏။

18. ဗာ​ရုတ်​သည်​လည်း၊``ဤ​စ​ကား​အ​လုံး​စုံ​ကို ယေ​ရ​မိ​က​နှုတ်​တိုက်​ချ​ပေး​၍ အ​ကျွန်ုပ်​က မင်​နှင့်​စာ​လိပ်​ပေါ်​တွင်​ရေး​ချ​ပါ​သည်'' ဟု ပြန်​လည်​ဖြေ​ကြား​၏။

19. ထို​အ​ခါ​မှူး​မတ်​များ​က``သင်​နှင့်​ယေ​ရ​မိ သည်​ထွက်​ပြေး​ပုန်း​ရှောင်​နေ​ရ​ကြ​ပေ​မည်။ သင်​တို့​ရှိ​ရာ​ကို​အ​ဘယ်​သူ​မျှ​မ​သိ​စေ နှင့်'' ဟု​ဗာ​ရုတ်​အား​ပြော​ကြား​ကြ​၏။

20. မှူး​မတ်​တို့​သည်​စာ​လိပ်​ကို​ဘု​ရင့်​အ​တိုင် ပင်​ခံ​အ​မတ်​ဧ​လိ​ရှ​မာ​၏​အ​ခန်း​တွင်​ထား ခဲ့​၍ နန်း​တော်​သို့​သွား​ရောက်​ကာ​မင်း​ကြီး အား​ဖြစ်​ပျက်​သ​မျှ​အ​ကြောင်း​စုံ​ကို​သံ တော်​ဦး​တင်​ကြ​၏။-

21. ထို​အ​ခါ​မင်း​ကြီး​သည်​ယေ​ဟု​ဒိ​အား​စေ လွှတ်​၍​စာ​လိပ်​ကို​အ​ယူ​ခိုင်း​လေ​သည်။ ယေ​ဟု ဒိ​သည်​လည်း​ဧ​လိ​ရှ​မာ​၏​အ​ခန်း​မှ​ထို​စာ လိပ်​ကို​ယူ​ပြီး​လျှင် မင်း​ကြီး​နှင့်​တ​ကွ​မင်း ကြီး​၏​ပတ်​လည်​တွင်​ရပ်​လျက်​နေ​သည့် မှူး​မတ်​များ​၏​ရှေ့​တွင်​ဖတ်​ပြ​၏။-

22. ထို​ကာ​လ​သည်​ဆောင်း​အ​ခါ​ဖြစ်​၍​မင်း ကြီး​သည် မိ​မိ​၏​ဆောင်း​ရာ​သီ​စံ​နန်း အ​တွင်း​မီး​အိုး​ကင်း​ရှေ့​တွင်​ထိုင်​လျက်​နေ​၏။-

23. ယေ​ဟု​ဒိ​ဖတ်​၍​သုံး​လေး​ပိုဒ်​မျှ​ပြီး​သည် နှင့်​တစ်​ပြိုင်​နက်​မင်း​ကြီး​သည် ထို​အ​ပိုဒ်​တို့ ကို​ဋ္ဌား​နှင့်​လှီး​ဖြတ်​၍​မီး​ထဲ​သို့​ပစ်​ထည့် လိုက်​၏။ သူ​သည်​ဤ​နည်း​အ​တိုင်း​ပင်​စာ လိပ်​တစ်​ခု​လုံး​မီး​လောင်​ကျွမ်း​၍​သွား သည့်​တိုင်​အောင်​ပြု​လေ​သည်။-

ယေ​ရ​မိ 36