ယေ​ရ​မိ 35:3-6 Common Language Bible (BCL)

3. သို့​ဖြစ်​၍​ငါ​သည်(အ​ခြား​ယေ​ရ​မိ​၏​သား၊ ဟာ​ဗ​ဇိ​ညာ​၏​မြေး) ယာ​ဇ​ညာ​နှင့်​သူ​၏ ညီ​အစ်​ကို​များ၊ သား​များ​ဖြစ်​ကြ​သော ရေ​ခပ်​သား​ချင်း​စု​အ​ပေါင်း​တို့​ကို၊-

4. ဗိ​မာန်​တော်​သို့​ဖိတ်​ကြား​ပြီး​လျှင်​ပ​ရော​ဖက် ဟာ​နန်​၏​တ​ပည့်​များ​နေ​ထိုင်​ရာ​အ​ခန်း​သို့ ခေါ်​သွား​၏။ ဟာ​နန်​ကား​ဣ​ဂ​ဒါ​လိ​၏​သား ဖြစ်​သ​တည်း။ ထို​အ​ခန်း​သည်​အ​ရာ​ရှိ​များ ၏​အ​ခန်း​အ​နီး​ဗိ​မာန်​တော်​အ​ရာ​ရှိ​ကြီး တစ်​ဦး​ဖြစ်​သော​ရှလ္လုံ​၏​သား​မာ​သေ​ယ​၏ အ​ခန်း​အ​ထက်​၌​ရှိ​လေ​သည်။-

5. ထို​နောက်​ငါ​သည်​စ​ပျစ်​ရည်​အပြည့်​ရှိ​သည့် ခွက်​ဖ​လား​များ​နှင့် အိုး​များ​ကို​ရေ​ခပ်​အ နွယ်​ဝင်​တို့​၏​ရှေ့​တွင်​ချ​ထား​၍​သူ​တို့ အား``စပျစ်​ရည်​အ​နည်း​ငယ်​သောက်​ကြ​ပါ'' ဟု​ပြော​၏။-

6. သို့​ရာ​တွင်​ထို​သူ​တို့​က``ရေ​ခပ်​၏​သား၊ အ​ကျွန်ုပ်​တို့​၏​ဘိုး​ဘေး​ဖြစ်​သူ​ယော​န​ဒပ် က​အ​ကျွန်ုပ်​တို့​သည်​သား​စဉ်​မြေး​ဆက် အ ဘယ်​အ​ခါ​၌​မျှ​စ​ပျစ်​ရည်​ကို​မ​သောက် ရန်​ပ​ညတ်​ခဲ့​သည်​ဖြစ်​၍​အ​ကျွန်ုပ်​တို့ သည်​စ​ပျစ်​ရည်​မ​သောက်​ကြ​ပါ။-

ယေ​ရ​မိ 35