11. သို့ရာတွင်ဤမြို့သည်ဗာဗုလုန်ဘုရင်နေဗုခဒ် နေဇာချင်းနင်းဝင်ရောက်လာသောအခါ၌ ဗာဗုလုန်နှင့်ရှုရိတပ်များကင်းဝေးစေရန် အကျွန်ုပ်တို့သည် ယေရုရှလင်မြို့သို့လာ ရောက်ရန်စိတ်ပိုင်းဖြတ်ခဲ့ကြပါ၏။ ထို့ကြောင့် ယခုအခါယေရုရှလင်မြို့တွင် အကျွန်ုပ်တို့ နေထိုင်လျက်ရှိခြင်းဖြစ်ပါသည်'' ဟုပြန် ပြောကြ၏။
12-13. ထိုအခါဣသရေလအမျိုးသားတို့၏ဘုရားသခင်အနန္တတန်ခိုးရှင်ထာဝရဘုရားသည် ငါ့အားယုဒပြည်သားများနှင့်ယေရုရှလင် မြို့သူမြို့သားများထံသို့စေလွှတ်၍သူတို့ အား``သင်တို့သည်အဘယ်ကြောင့်ငါ၏ညွှန် ကြားချက်များကိုမလိုက်နာကြပါ သနည်းဟု ငါထာဝရဘုရားမေး၏။-
14. ယောနဒပ်၏သားမြေးတို့သည်စပျစ်ရည် မသောက်ရန်ယောနဒပ်ပေးအပ်ခဲ့သည့်ပညတ် ကိုစောင့်ထိန်းခဲ့ကြလေပြီ။ သူတို့သည်မိမိ တို့ဘိုးဘေး၏အမိန့်ကိုနာခံကြသည်ဖြစ် ၍ ယနေ့တိုင်အောင်အဘယ်သူမျှစပျစ်ရည် ကိုမသောက်ကြ။ သို့ရာတွင်သင်တို့သည် ငါအဖန်ဖန်အထပ်ထပ်သင်တို့အားပြော ဆိုခဲ့သော်လည်းငါ၏စကားကိုနားမ ထောင်။-
15. ငါသည်မိမိ၏အစေခံပရောဖက်များကို သင်တို့ထံသို့အဖန်ဖန်အထပ်ထပ်စေလွှတ် ခဲ့၏။ သူတို့ကလည်းသင်တို့အားမိမိတို့ အကျင့်ဆိုးများကိုစွန့်ပစ်၍ ဖြောင့်မှန်ရာ ကိုပြုကျင့်ကြရန်ပြောကြားခဲ့ကြ၏။ သင် တို့သည်မိမိတို့နှင့်ဘိုးဘေးတို့အားငါပေး အပ်ခဲ့သည့်ပြည်တော်တွင် ဆက်လက်နေထိုင် နိုင်ကြမည့်အကြောင်းအခြားဘုရားများ ကိုရှိမခိုးဝတ်မပြုကြရန်သင်တို့အား သတိပေးခဲ့ကြ၏။ သို့ရာတွင်သင်တို့သည် ငါ၏စကားကိုနားမထောင်ကြ။ ငါ့အား လည်းပမာဏမပြုကြ။-
16. ယောနဒပ်၏သားမြေးများသည်မိမိတို့ ဘိုးဘေး၏အမိန့်ကိုနားထောင်ကြ၏။ သင် တို့မူကားငါ၏အမိန့်ကိုနားမထောင် ကြ။-