ယေ​ရ​မိ 35:10-14 Common Language Bible (BCL)

10. အ​ကျွန်ုပ်​တို့​သည်​တဲ​ရှင်​များ​တွင်​နေ​ထိုင် ကြ​ပါ​သည်။ မိ​မိ​တို့​ဘိုး​ဘေး​ယော​န​ဒပ် ၏​ပ​ညတ်​ကို အ​ကြွင်း​မဲ့​လိုက်​နာ​ခဲ့​ကြ​ပါ ပြီ။-

11. သို့​ရာ​တွင်​ဤ​မြို့​သည်​ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ် နေ​ဇာ​ချင်း​နင်း​ဝင်​ရောက်​လာ​သော​အ​ခါ​၌ ဗာ​ဗု​လုန်​နှင့်​ရှု​ရိ​တပ်​များ​ကင်း​ဝေး​စေ​ရန် အ​ကျွန်ုပ်​တို့​သည် ယေ​ရု​ရှ​လင်​မြို့​သို့​လာ ရောက်​ရန်​စိတ်​ပိုင်း​ဖြတ်​ခဲ့​ကြ​ပါ​၏။ ထို့​ကြောင့် ယ​ခု​အ​ခါ​ယေ​ရု​ရှ​လင်​မြို့​တွင် အ​ကျွန်ုပ်​တို့ နေ​ထိုင်​လျက်​ရှိ​ခြင်း​ဖြစ်​ပါ​သည်'' ဟု​ပြန် ပြော​ကြ​၏။

12-13. ထို​အ​ခါ​ဣသ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​ယု​ဒ​ပြည်​သား​များ​နှင့်​ယေ​ရု​ရှ​လင် မြို့​သူ​မြို့​သား​များ​ထံ​သို့​စေ​လွှတ်​၍​သူ​တို့ အား``သင်​တို့​သည်​အ​ဘယ်​ကြောင့်​ငါ​၏​ညွှန် ကြား​ချက်​များ​ကို​မ​လိုက်​နာ​ကြ​ပါ သ​နည်း​ဟု ငါ​ထာ​ဝ​ရ​ဘု​ရား​မေး​၏။-

14. ယော​န​ဒပ်​၏​သား​မြေး​တို့​သည်​စ​ပျစ်​ရည် မ​သောက်​ရန်​ယော​န​ဒပ်​ပေး​အပ်​ခဲ့​သည့်​ပ​ညတ် ကို​စောင့်​ထိန်း​ခဲ့​ကြ​လေ​ပြီ။ သူ​တို့​သည်​မိ​မိ တို့​ဘိုး​ဘေး​၏​အ​မိန့်​ကို​နာ​ခံ​ကြ​သည်​ဖြစ် ၍ ယ​နေ့​တိုင်​အောင်​အ​ဘယ်​သူ​မျှ​စ​ပျစ်​ရည် ကို​မ​သောက်​ကြ။ သို့​ရာ​တွင်​သင်​တို့​သည် ငါ​အ​ဖန်​ဖန်​အ​ထပ်​ထပ်​သင်​တို့​အား​ပြော ဆို​ခဲ့​သော်​လည်း​ငါ​၏​စ​ကား​ကို​နား​မ ထောင်။-

ယေ​ရ​မိ 35