1. ယုဒဘုရင်ယောရှိ၏သား ယောယကိမ်မင်း လက်ထက်၌ထာဝရဘုရားသည်ငါ့အား၊-
2. ``သင်သည်ရေခပ်သားချင်းစုအပေါင်းတို့ ထံသို့သွား၍စကားစမြည်ပြောပြီးလျှင် သူတို့အားဗိမာန်တော်အခန်းတစ်ခုသို့ ခေါ်ဆောင်ကာစပျစ်ရည်ကိုတိုက်လော့'' ဟုမိန့်တော်မူ၏။-
3. သို့ဖြစ်၍ငါသည်(အခြားယေရမိ၏သား၊ ဟာဗဇိညာ၏မြေး) ယာဇညာနှင့်သူ၏ ညီအစ်ကိုများ၊ သားများဖြစ်ကြသော ရေခပ်သားချင်းစုအပေါင်းတို့ကို၊-
4. ဗိမာန်တော်သို့ဖိတ်ကြားပြီးလျှင်ပရောဖက် ဟာနန်၏တပည့်များနေထိုင်ရာအခန်းသို့ ခေါ်သွား၏။ ဟာနန်ကားဣဂဒါလိ၏သား ဖြစ်သတည်း။ ထိုအခန်းသည်အရာရှိများ ၏အခန်းအနီးဗိမာန်တော်အရာရှိကြီး တစ်ဦးဖြစ်သောရှလ္လုံ၏သားမာသေယ၏ အခန်းအထက်၌ရှိလေသည်။-
5. ထိုနောက်ငါသည်စပျစ်ရည်အပြည့်ရှိသည့် ခွက်ဖလားများနှင့် အိုးများကိုရေခပ်အ နွယ်ဝင်တို့၏ရှေ့တွင်ချထား၍သူတို့ အား``စပျစ်ရည်အနည်းငယ်သောက်ကြပါ'' ဟုပြော၏။-
12-13. ထိုအခါဣသရေလအမျိုးသားတို့၏ဘုရားသခင်အနန္တတန်ခိုးရှင်ထာဝရဘုရားသည် ငါ့အားယုဒပြည်သားများနှင့်ယေရုရှလင် မြို့သူမြို့သားများထံသို့စေလွှတ်၍သူတို့ အား``သင်တို့သည်အဘယ်ကြောင့်ငါ၏ညွှန် ကြားချက်များကိုမလိုက်နာကြပါ သနည်းဟု ငါထာဝရဘုရားမေး၏။-