1. ယုဒဘုရင်ယောရှိ၏သား ယောယကိမ်မင်း လက်ထက်၌ထာဝရဘုရားသည်ငါ့အား၊-
2. ``သင်သည်ရေခပ်သားချင်းစုအပေါင်းတို့ ထံသို့သွား၍စကားစမြည်ပြောပြီးလျှင် သူတို့အားဗိမာန်တော်အခန်းတစ်ခုသို့ ခေါ်ဆောင်ကာစပျစ်ရည်ကိုတိုက်လော့'' ဟုမိန့်တော်မူ၏။-
3. သို့ဖြစ်၍ငါသည်(အခြားယေရမိ၏သား၊ ဟာဗဇိညာ၏မြေး) ယာဇညာနှင့်သူ၏ ညီအစ်ကိုများ၊ သားများဖြစ်ကြသော ရေခပ်သားချင်းစုအပေါင်းတို့ကို၊-
4. ဗိမာန်တော်သို့ဖိတ်ကြားပြီးလျှင်ပရောဖက် ဟာနန်၏တပည့်များနေထိုင်ရာအခန်းသို့ ခေါ်သွား၏။ ဟာနန်ကားဣဂဒါလိ၏သား ဖြစ်သတည်း။ ထိုအခန်းသည်အရာရှိများ ၏အခန်းအနီးဗိမာန်တော်အရာရှိကြီး တစ်ဦးဖြစ်သောရှလ္လုံ၏သားမာသေယ၏ အခန်းအထက်၌ရှိလေသည်။-
5. ထိုနောက်ငါသည်စပျစ်ရည်အပြည့်ရှိသည့် ခွက်ဖလားများနှင့် အိုးများကိုရေခပ်အ နွယ်ဝင်တို့၏ရှေ့တွင်ချထား၍သူတို့ အား``စပျစ်ရည်အနည်းငယ်သောက်ကြပါ'' ဟုပြော၏။-
6. သို့ရာတွင်ထိုသူတို့က``ရေခပ်၏သား၊ အကျွန်ုပ်တို့၏ဘိုးဘေးဖြစ်သူယောနဒပ် ကအကျွန်ုပ်တို့သည်သားစဉ်မြေးဆက် အ ဘယ်အခါ၌မျှစပျစ်ရည်ကိုမသောက် ရန်ပညတ်ခဲ့သည်ဖြစ်၍အကျွန်ုပ်တို့ သည်စပျစ်ရည်မသောက်ကြပါ။-
7. သူသည်အကျွန်ုပ်တို့အားအိမ်များကိုမ ဆောက်ကြရန်နှင့် လယ်များကိုမလုပ်ကြ ရန်သော်လည်းကောင်း၊ စပျစ်ဥယျာဉ်များ ကိုမစိုက်မပျိုး၊ မဝယ်မယူကြရန်သော် လည်းကောင်းမှာကြားထားပါသေး၏။ အ ကျွန်ုပ်တို့သည်သူစိမ်းတစ်ရံဆံအဖြစ်နှင့် နေထိုင်ရာပြည်တွင် ဆက်လက်နေထိုင်နိုင် ကြမည့်အကြောင်းတဲရှင်များတွင်သာ နေကြရန်ကိုလည်းမိန့်မှာခဲ့ပါ၏။-
8. အကျွန်ုပ်တို့သည်မိမိတို့ဘိုးဘေးရေခပ် ၏သားယောနဒပ်၏ညွှန်ကြားချက်များကို လိုက်နာကျင့်သုံးခဲ့ကြပါပြီ။ အကျွန်ုပ်တို့ ကိုယ်တိုင်နှင့်အကျွန်ုပ်တို့၏ဇနီး၊ သားသမီး များသည်စပျစ်ရည်ကိုအဘယ်အခါမျှ မသောက်ကြပါ။-
9. အကျွန်ုပ်တို့သည်မိမိတို့နေထိုင်ရန်အိမ်များ ကိုမဆောက်မလုပ်ကြပါ။ စပျစ်ဥယျာဉ်များ၊ လယ်ယာများသို့မဟုတ်ဂျုံစပါးများကို လည်းမပိုင်ကြပါ။-
10. အကျွန်ုပ်တို့သည်တဲရှင်များတွင်နေထိုင် ကြပါသည်။ မိမိတို့ဘိုးဘေးယောနဒပ် ၏ပညတ်ကို အကြွင်းမဲ့လိုက်နာခဲ့ကြပါ ပြီ။-