4. အို ဇေဒကိမင်း၊ သင့်ကိုရည်မှတ်၍ ငါမိန့် မှာသည့်စကားကိုနားထောင်လော့။ သင် သည်စစ်ပွဲတွင်ကျဆုံးရလိမ့်မည်မဟုတ်။-
5. အေးချမ်းစွာသေရလိမ့်မည်။ လူတို့သည် သင်၏ဘိုးဘေးများအတွက် နံ့သာပေါင်း ကိုမီးရှို့ခဲ့ကြသည့်နည်းတူ သင်၏အတွက် လည်းနံ့သာပေါင်းကိုမီးရှို့ကြလိမ့်မည်။ သူ တို့သည်`ငါတို့ဘုရင်ကွယ်လွန်ပြီ' ဟုဆို၍ သင်၏အတွက်ငိုကြွေးမြည်တမ်းကြလိမ့် မည်။ ဤကားငါထာဝရဘုရားမြွက်ဟ သည့်စကားဖြစ်၏'' ဟူ၍မိန့်တော်မူ၏။
10. ပြည်သူများနှင့်ပြည်သူ့ခေါင်းဆောင်အပေါင်း တို့သည် မိမိတို့ကျေးကျွန်များအားလွတ်လပ် ခွင့်ပေးပြီးလျှင် နောင်အဘယ်အခါ၌မျှပြန် ၍ကျွန်စေစားမှုမပြုပါဟုသဘောတူညီ ကြ၏။ သူတို့သည်မိမိတို့ကျေးကျွန်များ ကိုလွတ်လပ်ခွင့်ပေးကြ၏။-