ယေ​ရ​မိ 34:18-19-22 Common Language Bible (BCL)

2. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​သင်​သည်​ယု​ဒ ဘု​ရင်​ဇေ​ဒ​ကိ​ထံ​သို့​သွား​၍​သူ့​အား​ဗျာ ဒိတ်​တော်​ပြန်​ကြား​ရ​မည်​မှာ``ငါ​ထာ​ဝ​ရ ဘု​ရား​သည်​ဤ​မြို့​ကို​ဗာ​ဗု​လုန်​ဘု​ရင်​အား ပေး​အပ်​မည်။ သူ​သည်​ဤ​မြို့​ကို​မီး​ရှို့​လိမ့်​မည်။-

3. သင်​သည်​သူ​၏​ဘေး​မှ​လွတ်​မြောက်​ရ​လိမ့် မည်​မ​ဟုတ်။ အ​ဖမ်း​ခံ​ရ​ကာ​သူ​၏​လက်​တွင်း သို့​သက်​ဆင်း​ရ​လိမ့်​မည်။ သင်​သည်​သူ​နှင့် မျက်​နှာ​ချင်း​ဆိုင်​တွေ့​ဆုံ​ပြော​ဆို​ပြီး​လျှင် ဗာ​ဗု​လုန်​မြို့​သို့​လိုက်​ပါ​သွား​ရ​လိမ့်​မည်။-

4. အို ဇေ​ဒ​ကိ​မင်း၊ သင့်​ကို​ရည်​မှတ်​၍ ငါ​မိန့် မှာ​သည့်​စ​ကား​ကို​နား​ထောင်​လော့။ သင် သည်​စစ်​ပွဲ​တွင်​ကျ​ဆုံး​ရ​လိမ့်​မည်​မ​ဟုတ်။-

5. အေး​ချမ်း​စွာ​သေ​ရ​လိမ့်​မည်။ လူ​တို့​သည် သင်​၏​ဘိုး​ဘေး​များ​အ​တွက် နံ့​သာ​ပေါင်း ကို​မီး​ရှို့​ခဲ့​ကြ​သည့်​နည်း​တူ သင်​၏​အ​တွက် လည်း​နံ့​သာ​ပေါင်း​ကို​မီး​ရှို့​ကြ​လိမ့်​မည်။ သူ တို့​သည်`ငါ​တို့​ဘု​ရင်​ကွယ်​လွန်​ပြီ' ဟု​ဆို​၍ သင်​၏​အ​တွက်​ငို​ကြွေး​မြည်​တမ်း​ကြ​လိမ့် မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ သည့်​စ​ကား​ဖြစ်​၏'' ဟူ​၍​မိန့်​တော်​မူ​၏။

18-19. ယု​ဒ​ပြည်​နှင့်​ယေ​ရု​ရှ​လင်​မြို့​မှ​ခေါင်း​ဆောင် များ​သည် နန်း​တွင်း​အ​ရာ​ရှိ​များ၊ ယဇ်​ပု​ရော ဟိတ်​များ၊ ပြည်​သူ​များ​နှင့်​အ​တူ​မိ​မိ​တို့ နှစ်​ခြမ်း​ခွဲ​ထား​သည့်​နွား​လား​၏​စပ်​ကြား တွင်​လျှောက်​သွား​ကာ ငါ​နှင့်​ပ​ဋိ​ညာဉ်​ပြု​ခဲ့ ကြ​၏။ သို့​ရာ​တွင်​သူ​တို့​သည်​ငါ​၏​ရှေ့​မှောက် တွင် မိ​မိ​တို့​ပြု​ခဲ့​သည့်​ပ​ဋိ​ညာဉ်​ကို​ချိုး ဖောက်​ကြ​၏။ ထို့​ကြောင့်​နွား​လား​ကို​သူ တို့​ပြု​သ​ကဲ့​သို့​သူ​တို့​အား​ငါ​ပြု​မည်။-

20. ငါ​သည်​သူ​တို့​ကို​ရန်​သူ​များ​၏​လက်​သို့ ပေး​အပ်​မည်။ သူ​တို့​အား​သတ်​ဖြတ်​လို​သူ များ​၏​လက်​သို့​ပေး​အပ်​မည်။ သူ​တို့​၏ အ​လောင်း​များ​သည်​ငှက်​များ​တော​သား​ရဲ များ​၏​အ​စာ​ဖြစ်​လိမ့်​မည်။-

21. ယု​ဒ​ဘု​ရင်​ဇေ​ဒ​ကိ​နှင့်​မှူး​မတ်​များ​အား သူ တို့​ကို​သတ်​ဖြတ်​လို​သည့်​ရန်​သူ​များ​၏​လက် သို့​ငါ​ပေး​အပ်​မည်။ ငါ​သည်​သူ​တို့​အား​ယ​ခု အ​တိုက်​အ​ခိုက်​ရပ်​စဲ​လိုက်​သည့် ဗာ​ဗု​လုန် ဘုရင်​၏​တပ်​မ​တော်​လက်​သို့​ပေး​အပ်​မည်။-

22. ထို​တပ်​မ​တော်​ကို​ငါ​အ​မိန့်​ပေး​သ​ဖြင့် သူ တို့​သည်​ပြန်​လာ​၍​ဤ​မြို့​ကို​တိုက်​ခိုက်​သိမ်း ယူ​ပြီး​လျှင် မီး​ရှို့​လိုက်​ကြ​လိမ့်​မည်။ ငါ​သည် ယု​ဒ​မြို့​တို့​ကို​လူ​သူ​ကင်း​မဲ့​ရာ​သဲ​ကန္တာ​ရ ကဲ့​သို့​ဖြစ်​စေ​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

ယေ​ရ​မိ 34