ယေ​ရ​မိ 34:17-22 Common Language Bible (BCL)

17. သို့​သော်​လည်း​သင်​တို့​သည်​ငါ​၏​စ​ကား​ကို နား​မ​ထောင်၊ မိ​မိ​တို့​ဟေ​ဗြဲ​အ​မျိုး​သား အ​ချင်း​ချင်း​တို့​အား​လည်း လွတ်​လပ်​ခွင့် မ​ပေး​ခဲ့​ကြ​ဟု​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက် ဆို​၏။ ထို့​ကြောင့်​သင်​တို့​အား​စစ်​ဘေး၊ အ​နာ ရော​ဂါ​ဘေး​နှင့်​ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး တို့​ဖြင့် လွတ်​လပ်​စွာ​သေ​ရ​ခြင်း​တည်း​ဟူ သော​လွတ်​လပ်​ခွင့်​ကို​ငါ​ပေး​မည်။ ငါ​သည် သင်​တို့​အား​ပြု​သည့်​အမှု​ကြောင့် ကမ္ဘာ​ပေါ် ရှိ​လူ​မျိုး​တ​ကာ​တို့​သည်​ထိတ်​လန့်​တုန် လှုပ်​ကြ​လိမ့်​မည်။-

18-19. ယု​ဒ​ပြည်​နှင့်​ယေ​ရု​ရှ​လင်​မြို့​မှ​ခေါင်း​ဆောင် များ​သည် နန်း​တွင်း​အ​ရာ​ရှိ​များ၊ ယဇ်​ပု​ရော ဟိတ်​များ၊ ပြည်​သူ​များ​နှင့်​အ​တူ​မိ​မိ​တို့ နှစ်​ခြမ်း​ခွဲ​ထား​သည့်​နွား​လား​၏​စပ်​ကြား တွင်​လျှောက်​သွား​ကာ ငါ​နှင့်​ပ​ဋိ​ညာဉ်​ပြု​ခဲ့ ကြ​၏။ သို့​ရာ​တွင်​သူ​တို့​သည်​ငါ​၏​ရှေ့​မှောက် တွင် မိ​မိ​တို့​ပြု​ခဲ့​သည့်​ပ​ဋိ​ညာဉ်​ကို​ချိုး ဖောက်​ကြ​၏။ ထို့​ကြောင့်​နွား​လား​ကို​သူ တို့​ပြု​သ​ကဲ့​သို့​သူ​တို့​အား​ငါ​ပြု​မည်။-

20. ငါ​သည်​သူ​တို့​ကို​ရန်​သူ​များ​၏​လက်​သို့ ပေး​အပ်​မည်။ သူ​တို့​အား​သတ်​ဖြတ်​လို​သူ များ​၏​လက်​သို့​ပေး​အပ်​မည်။ သူ​တို့​၏ အ​လောင်း​များ​သည်​ငှက်​များ​တော​သား​ရဲ များ​၏​အ​စာ​ဖြစ်​လိမ့်​မည်။-

21. ယု​ဒ​ဘု​ရင်​ဇေ​ဒ​ကိ​နှင့်​မှူး​မတ်​များ​အား သူ တို့​ကို​သတ်​ဖြတ်​လို​သည့်​ရန်​သူ​များ​၏​လက် သို့​ငါ​ပေး​အပ်​မည်။ ငါ​သည်​သူ​တို့​အား​ယ​ခု အ​တိုက်​အ​ခိုက်​ရပ်​စဲ​လိုက်​သည့် ဗာ​ဗု​လုန် ဘုရင်​၏​တပ်​မ​တော်​လက်​သို့​ပေး​အပ်​မည်။-

22. ထို​တပ်​မ​တော်​ကို​ငါ​အ​မိန့်​ပေး​သ​ဖြင့် သူ တို့​သည်​ပြန်​လာ​၍​ဤ​မြို့​ကို​တိုက်​ခိုက်​သိမ်း ယူ​ပြီး​လျှင် မီး​ရှို့​လိုက်​ကြ​လိမ့်​မည်။ ငါ​သည် ယု​ဒ​မြို့​တို့​ကို​လူ​သူ​ကင်း​မဲ့​ရာ​သဲ​ကန္တာ​ရ ကဲ့​သို့​ဖြစ်​စေ​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

ယေ​ရ​မိ 34