11. သို့သော်လည်းယင်းသို့လွတ်လပ်ခွင့်ပေးပြီး သည်နောက် စိတ်သဘောပြောင်းလဲ၍ထိုသူ တို့အားပြန်လည်ခေါ်ယူကာ အတင်း အကြပ်ကျွန်ခံစေကြပြန်၏။
12. ထိုအခါဣသရေလအမျိုးသားတို့၏ ဘုရားသခင်ထာဝရဘုရားသည်၊-
13. ငါ့အားပြည်သူတို့အားဆင့်ဆိုစေသည် မှာ``ငါသည်သင်၏ဘိုးဘေးများအား အီဂျစ်ပြည်မှကယ်ဆယ်ကာ ကျွန်ဘဝ မှလွတ်မြောက်စေခဲ့စဉ်အခါကသူတို့ နှင့်ပဋိညာဉ်ပြုခဲ့၏။-
14. သူတို့သည်မိမိဝယ်ယူထားသည့်ဟေဗြဲ ကျွန်မှန်သမျှကိုခြောက်နှစ်မျှစေစားပြီး နောက် ခုနစ်နှစ်မြောက်တွင်လွတ်လပ်ခွင့်ပေးရ ကြမည်ဖြစ်ကြောင်း သူတို့အားငါမှာကြား ခဲ့၏။ သို့ရာတွင်သင်၏ဘိုးဘေးတို့သည် ငါ့အားပမာဏမပြုကြ။ ငါပြောဆို သည့်စကားကိုလည်းနားမထောင်ကြ။-