1. ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာနှင့် တပ်မ တော်သည်လက်အောက်ခံနိုင်ငံရှိသမျှနှင့် လူမျိုးအပေါင်းတို့၏စစ်တပ်များအကူ အညီဖြင့် ယေရုရှလင်မြို့နှင့်တကွအနီး အနားရှိမြို့ရွာများကိုတိုက်ခိုက်လျက်နေ စဉ် ထာဝရဘုရားသည်ငါ့အားဗျာဒိတ် ပေးတော်မူ၏။-
2. ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရားသည် ငါ့အားသင်သည်ယုဒ ဘုရင်ဇေဒကိထံသို့သွား၍သူ့အားဗျာ ဒိတ်တော်ပြန်ကြားရမည်မှာ``ငါထာဝရ ဘုရားသည်ဤမြို့ကိုဗာဗုလုန်ဘုရင်အား ပေးအပ်မည်။ သူသည်ဤမြို့ကိုမီးရှို့လိမ့်မည်။-
3. သင်သည်သူ၏ဘေးမှလွတ်မြောက်ရလိမ့် မည်မဟုတ်။ အဖမ်းခံရကာသူ၏လက်တွင်း သို့သက်ဆင်းရလိမ့်မည်။ သင်သည်သူနှင့် မျက်နှာချင်းဆိုင်တွေ့ဆုံပြောဆိုပြီးလျှင် ဗာဗုလုန်မြို့သို့လိုက်ပါသွားရလိမ့်မည်။-
4. အို ဇေဒကိမင်း၊ သင့်ကိုရည်မှတ်၍ ငါမိန့် မှာသည့်စကားကိုနားထောင်လော့။ သင် သည်စစ်ပွဲတွင်ကျဆုံးရလိမ့်မည်မဟုတ်။-
5. အေးချမ်းစွာသေရလိမ့်မည်။ လူတို့သည် သင်၏ဘိုးဘေးများအတွက် နံ့သာပေါင်း ကိုမီးရှို့ခဲ့ကြသည့်နည်းတူ သင်၏အတွက် လည်းနံ့သာပေါင်းကိုမီးရှို့ကြလိမ့်မည်။ သူ တို့သည်`ငါတို့ဘုရင်ကွယ်လွန်ပြီ' ဟုဆို၍ သင်၏အတွက်ငိုကြွေးမြည်တမ်းကြလိမ့် မည်။ ဤကားငါထာဝရဘုရားမြွက်ဟ သည့်စကားဖြစ်၏'' ဟူ၍မိန့်တော်မူ၏။
10. ပြည်သူများနှင့်ပြည်သူ့ခေါင်းဆောင်အပေါင်း တို့သည် မိမိတို့ကျေးကျွန်များအားလွတ်လပ် ခွင့်ပေးပြီးလျှင် နောင်အဘယ်အခါ၌မျှပြန် ၍ကျွန်စေစားမှုမပြုပါဟုသဘောတူညီ ကြ၏။ သူတို့သည်မိမိတို့ကျေးကျွန်များ ကိုလွတ်လပ်ခွင့်ပေးကြ၏။-