ယေ​ရ​မိ 33:4-23-24 Common Language Bible (BCL)

10. ထာ​ဝ​ရ​ဘု​ရား​က``ဤ​အ​ရပ်​သည်​သဲ​ကန္တာ ရ​ကဲ့​သို့​လူ​သူ​တိ​ရစ္ဆာန်​များ​ကင်း​မဲ့​ရာ​ဖြစ် ၏​ဟု လူ​တို့​ပြော​ဆို​လျက်​နေ​ကြ​၏။ ယု​ဒ မြို့​များ​နှင့်​ယေ​ရု​ရှ​လင်​မြို့​လမ်း​များ တွင်​လူ​သူ​တိ​ရစ္ဆာန်​များ​ဆိတ်​သုဉ်း​လျက် နေ​သည်​ဆို​ခြင်း​မှာ​မှန်​ပေ​၏။ သို့​ရာ​တွင် ထို​အ​ရပ်​တို့​တွင်၊-

11. ဝမ်း​မြောက်​ရွှင်​မြူး​သံ​များ​နှင့်​မင်္ဂ​လာ​ဆောင် သ​တို့​သား​သ​တို့​သ​မီး​တို့​၏​အ​သံ​များ ကို နောက်​တစ်​ဖန်​သင်​တို့​ကြား​ရ​ကြ​လိမ့်​မည်။ လူ​တို့​သည်​ကျေး​ဇူး​တော်​ချီး​မွမ်း​ရန်​ပူ​ဇော် သကာ​များ​ကို ငါ​၏​ဗိ​မာန်​တော်​သို့​ယူ​ဆောင် ကာ​သီ​ချင်း​အေး​ကူး​ကြ​သည့်​အ​သံ​များ ကို​သင်​တို့​ကြား​ရ​ကြ​လိမ့်​မည်။ သူ​တို့​က၊`အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​၏ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​လော့။အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​သည် ကောင်း​မြတ်​တော်​မူ​၍၊မေတ္တာ​တော်​သည်​ထာ​ဝ​စဉ်​တည်​သော​ကြောင့် ဖြစ်​၏' ဟု​မြွက်​ဆို​ကြ​လိမ့်​မည်။ငါ​သည်​ဤ​ပြည်​ကို​ရှေး​က​နည်း​တူ​ပြန်​လည် ကောင်း​စား​စေ​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

12. အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``လူ​နှင့် တိ​ရစ္ဆာန်​ကင်း​မဲ့​၍​သဲ​ကန္တာ​ရ​နှင့်​တူ​သော ဤ ပြည်​တွင်​သိုး​ကျောင်း​သား​တို့​သိုး​များ​ကို ထိန်း​ကျောင်း​ရာ​စား​ကျက်​များ​ရှိ​လာ​လိမ့် ဦး​မည်။-

13. တောင်​ပေါ်​ဒေ​သ၊ တောင်​ခြေ​ဒေ​သ​နှင့်​ယု​ဒ ပြည်​တောင်​ဘက်​ဒေ​သ​တို့​၌​ရှိ​သော​မြို့​များ နှင့်​ဗင်္ယာ​မိန်​နယ်​မြေ​တွင်​လည်း​ကောင်း၊ ယေ​ရု ရှ​လင်​မြို့​နီး​နား​ပတ်​ဝန်း​ကျင်​မှ​ကျေး​ရွာ များ​နှင့်​ယု​ဒ​မြို့​များ​၌​လည်း​ကောင်း သိုး ထိန်း​တို့​သည်​မိ​မိ​တို့​သိုး​များ​ကို​တစ်​ဖန် ရေ​တွက်​လျက်​နေ​ကြ​လိမ့်​ဦး​မည်။ ဤ​ကား ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့်​စ​ကား ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

14. ထာ​ဝ​ရ​ဘု​ရား​က``ဣသ​ရေ​လ​ပြည်​သား များ​နှင့်​ယု​ဒ​ပြည်​သား​တို့​အား ငါ​ထား ရှိ​ခဲ့​သည့်​က​တိ​တော်​ကို​အ​ကောင်​အ​ထည် ဖော်​စေ​မည့်​အ​ချိန်​ကာ​လ​ကျ​ရောက်​လာ လိမ့်​မည်။-

15. ထို​နေ့​ရက်​ကာ​လ​၌​ဒါ​ဝိဒ်​၏​သား​မြေး အ​စစ်​အ​မှန်​တစ်​ဦး​ကို​ပေါ်​ထွန်း​စေ​မည်။ သူ​သည်​လည်း​တိုင်း​နိုင်​ငံ​တစ်​ခု​လုံး​တွင် မျှ​တ​ဖြောင့်​မှန်​သည့်​အ​မှု​တို့​ကို​ပြု​လိမ့် မည်။-

16. ထို​အ​ချိန်​ကာ​လ​ကျ​ရောက်​လာ​သော​အ​ခါ ယု​ဒ​ပြည်​သူ​တို့​သည်​ကယ်​ဆယ်​ခြင်း​ကို​ခံ​ရ ကြ​လိမ့်​မည်။ ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​တို့ သည်​လည်း​ဘေး​မဲ့​လုံ​ခြုံ​စွာ​နေ​ထိုင်​ရ​ကြ လိမ့်​မည်။ မိ​မိ​တို့​မြို့​တော်​ကို`ငါ​တို့​အား ကယ်​တင်​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား' ဟူ​၍​ခေါ်​ဝေါ်​သ​မုတ်​ကြ​လိမ့်​မည်။-

17. ထာ​ဝ​ရ​ဘု​ရား​က​ဣ​သ​ရေ​လ​ပြည်​တွင် အ​ဘယ်​အ​ခါ​၌​မျှ ဒါ​ဝိဒ်​မင်း​မျိုး​ရိုး​မ ပြတ်​ရ​စေ​ရန်​လည်း​ကောင်း၊-

18. ငါ​၏​ရှေ့​မှောက်​တွင်​ရပ်​လျက်​မီး​ရှို့​ရာ​ပူ​ဇော် သကာ​များ​ကို​ဆက်​သ​၍ ယဇ်​များ​ကို​ပူ​ဇော် ရန်​အ​ဘယ်​အ​ခါ​၌​မျှ​လေ​ဝိ​အ​နွယ်​ဝင် ယဇ်​ပု​ရော​ဟိတ်​မျိုး​မ​ပြတ်​စေ​ရန်​လည်း ကောင်း ငါ​ထာ​ဝ​ရ​ဘု​ရား​က​တိ​ပြု​၏'' ဟု မိန့်​တော်​မူ​၏။

21. ထို​နည်း​တူ​စွာ​ဒါ​ဝိဒ်​မင်း​မျိုး​ရိုး​မ​ပြတ်​စေ ရန်​နှင့် ငါ​၏​အ​မှု​တော်​ဆောင်​လေ​ဝိ​အ​နွယ် ဝင်​ယဇ်​ပု​ရော​ဟိတ်​မျိုး​မ​ပြတ်​စေ​ရန် ငါ့ အ​စေ​ခံ​ဒါ​ဝိဒ်​နှင့်​ငါ​ပြု​ခဲ့​သည့်​ပ​ဋိ​ညာဉ် ကို​လည်း​ဖောက်​ဖျက်​၍​မ​ရ​နိုင်။-

22. ငါ​သည်​မိုး​ကောင်း​ကင်​ကြယ်​တာ​ရာ​များ​နှင့် ပင်​လယ်​ကမ်း​ခြေ​သဲ​လုံး​များ​ကဲ့​သို့​ရေ​တွက် ၍​မ​ရ​နိုင်​အောင် ငါ​၏​အ​စေ​ခံ​ဒါ​ဝိဒ်​၏​သား မြေး​များ​နှင့်​ငါ​၏​အ​မှု​တော်​ဆောင်​လေ​ဝိ အ​နွယ်​ဝင်​ယဇ်​ပု​ရော​ဟိတ်​တို့​၏​အ​ရေ အ​တွက်​ကို​တိုး​ပွား​များ​ပြား​စေ​မည်'' ဟု​မိန့်​တော်​မူ​၏။

ယေ​ရ​မိ 33